စုလှိုင်
.
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန
(တောင်ကြီး) တွင် စက်တင်ဘာလ ၁၀ ရက်မှ ဒီဇင်ဘာလ ၉ ရက်အထိ ၃ လအတွင်း ဓါတ်ခွဲနမူနာ
၁၅၈၅၇ ခု စစ်ဆေးပေးနိုင်ခဲ့ပြီး ယင်းအနက် COVID-19 ပိုးတွေ့လူနာ ၂၀၀ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.
.“အဓိက ဦးစားပေး အနေနဲ့ စောင့်ကြပ်ကြည့်ရူ
ရတဲ့လူနာတွေပေါ့။ COVID-19 သံသယ ဖြစ်လို့ စောင့်ကြပ်ကြည့်ရူ
ရတဲ့ လူနာတွေ၊ COVID-19 Positive ဖြစ်နေတဲ့
လူတွေနဲ့ ထိတွေ့ခဲ့တဲ့လူတွေ Contact တွေကို ဦးစားပေးပြီး
စစ်ဆေး ပေးပါတယ်။ နောက် အများဆုံး စစ်ဆေးပေးရတာကတော့ တခြား ဒေသ အသီးသီးကနေ
ပြီးတော့မှ ရှမ်းပြည်နယ်ကို ပြန်လည် ဝင်ရောက်လာတဲ့သူတွေကို စစ်ဆေးပေးရတာ
အများဆုံးပါပဲ” ဟု ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)မှ တာဝန်ခံဆရာဝန်ကြီး
ဒေါက်တာပိုးပိုးလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)
တွင် ဒေါက်တာပိုးပိုးလင်းနှင့် Lab Officer ၂ ဦး၊
ဆေးပညာဆိုင်ရာ နည်းပညာကျွမ်းကျင်ပညာရှင် ၄ ဦး၊ ဓာတ်ခွဲ ကျွမ်းကျင် ၃ ဦး၊ Data
Assistant ၁ ဦး၊ ဆေးတက္ကသိုလ် (တောင်ကြီး) မှ Volunteer Biologist
လစဉ် အလှည့်ကျ ၂ ဦး၊ စုစုပေါင်း ဝန်ထမ်းအင်အား ၁၃ ဦးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
အဆိုပါ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံရှိ
ဓာတ်ခွဲခန်းကို ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဆောက်လုပ်ခြင်း ဖြစ်ပြီး
တန်ဖိုး ၁၂၆၄ သိန်း ကုန်ကျကာ အဆောက်အဦ ကို ရက်ပေါင်း ၂၈ ရက်ဖြင့်
အပြီးတည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment