ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊ မြို့မဈေးတောင်ဘက်၊ တပင်ရွှေထီးလမ်းရှိ
ညဈေးတန်း နာရီစင်အား ပြန်လည်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ထားပြီး နာရီစင်အသစ်
လုပ်ဆောင်ရေးအတွက်မှာမူ မြို့နယ်စည်ပင်အနေဖြင့် အစီအစဉ် မရှိသေးကြောင်း တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ
သိရသည်။
.
.“မြို့နယ်စည်ပင် အနေနဲ့ကတော့ နာရီစင်အသစ်လုပ်ဖို့
အစီအစဉ်မရှိဘူး။ အလှူရှင်ရှိရင်တော့ တစ်မျိုးပေါ့။ လက်ရှိ နာရီစင်ကို ထိန်းသိမ်းပေးတဲ့
သဘောပါပဲ။ ဖျက်သိမ်းဖို့လည်း မရှိသေးပါဘူး။ စည်ပင်ဘတ်ဂျက်နဲ့ပဲ လုပ်တာပါ” ဟု တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ
အမှုဆောင်အရာရှိ ဦးနေလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ နာရီစင်မှာ မြို့မဈေး ၃ ထပ်တိုက်အဆောက်အဦ
ဆောက်လုပ်စဉ် ၁၉၉၀ နှစ်များက ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းနာရီစင်နေရာအား ကားရပ်နားရန်နေရာ
ပြုလုပ်ခြင်း၊ ပြည်သူလူထု လမ်းသွားလမ်းလာများ အဆင်ပြေစေရန် အတွက် ပလက်ဖောင်း
ပြုလုပ်ခြင်း၊ လမ်းတစ်လျှောက် ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း
တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီထံက သိရသည်။
.
No comments:
Post a Comment