.
ပင်လောင်းမြို့နယ် ထီဗိကျေးရွာ၏ အနောက်ဘက် တစ်မိုင်ခန့်အကွာနှင့် တတောက် ကျေးရွာ၏ မြောက်ဘက် တစ်မိုင်ခွဲခန့် အကွာတို့၌ အမြင့် တစ်ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ဧက ၃၀ ခန့်ကို လည်းကောင်း၊ ဟိုပုံးမြို့နယ်၊ ဒုံလိတန်ကျေးရွာ၏ အနောက်မြောက်ဘက် ငါးဖာလုံခန့် အကွာ၌ အမြင့် ၃ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၆ ဧကခန့်ကို လည်းကောင်း၊ ဆီဆိုင်မြို့နယ်၊ ဘန်းနောက်ကား ကျေးရွာ၏ အနောက်တောင်ဘက် ၄ ဖာလုံခန့် အကွာ၌ အမြင့် တစ်ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၇ ဧကခန့်ကို လည်းကောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးများ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ဖယ်ခုံမြို့နယ်၊ ကဟန့်ကျေးရွာ၏ မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၅ ဧက ခန့်ကိုလည်း မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့က ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။
.
ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးမှု အများဆုံး ပြည်နယ် ဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှာ အများဆုံး စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။