ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အေးသာယာ-ညောင်ရွှေသွား
စက်မှုဇုန်လမ်းမပေါ်တွင် ဒီဇင်ဘာလ ၂ ရက်၊ ညပိုင်းက အရပ်သားတစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်မှ
ရဲတပ်ဖွဲ့ဝင်တစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်အား ဝင်ရောက်တိုက်မိပြီး ဒဏ်ရာများ ရရှိခဲ့ကြောင်း
သိရသည်။
.
.အေးသာယာမြို့၊ အကွက်ကြီး (၉)၊ နယ်မြေ (၇) နေ ဖိုးကူးသည်
ဒီဇင်ဘာလ ၂ ရက်၊ ည ၇ နာရီ ၅၀ အချိန်က စက်မှုဇုန် လမ်းအတိုင်း Honda 110 အနက်ရောင်ဆိုင်ကယ်ဖြင့် တောင်မှမြောက်သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ်
(၀/၇) နှင့် (၁/၀) အကြား၊ လေပြေညှင်းကဖေးနှင့် အအေးဆိုင်ရှေ့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ
တစ်ဘက် ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ အေးသာယာနယ်မြေရဲစခန်းဝင်းနေ ရဲတပ်ကြပ်
အေးလွင် မောင်းနှင် လာသည့် New Zhineng 125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်၏
ရှေ့ပိုင်းအား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ် ၂ စီး ရှေ့ပိုင်း
ပျက်စီးခဲ့ပြီး ဆိုင်ကယ်ယာဉ်မောင်း ဖိုးကူးတွင် ယာမျက်ခုံး ပေါက်ပြဲ၊ ဝဲ/ယာလက်ခုံပွန်းခြစ်ဒဏ်ရာ၊
ဝဲ/ယာဒူးပွန်းခြစ်ဒဏ်ရာ မစိုးရိမ်ရ နှင့် ဆိုင်ကယ်ယာဉ်မောင်း ရဲတပ်ကြပ်
အေးလွင်တွင် ယာပါးဖူးယောင်၊ ယာအပေါ်နှုတ်ခမ်း၊ မေးစေ့ပေါက်ပြဲ၊ ဝဲနား သွေးထွက်၊ ယာခြေဖဝါး
ပေါက်ပြဲဒဏ်ရာ စိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ အရှိန်မထိန်းနိုင်ဘဲ
တစ်ဖက်ယာဉ်ကြောအတွင်းသို့ရောက်ရှိကာ မိမိနှင့် အခြားသူအား ဒဏ်ရာများရရှိအောင်
ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ဆိုင်ကယ်ယာဉ်မောင်း ဖိုးကူးအား အေးသာယာ နယ်မြေရဲစခန်းတွင်
ယာဉ် (ပ) ၃၃/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
No comments:
Post a Comment