ရှမ်းပြည်နယ်အတွင်းမှ လေယာဉ်ခရီးစဉ် လိုက်ပါစီးနင်းသူများ မိမိစရိတ်ဖြင့် COVID-19 စစ်ဆေးမှု ခံယူရမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်းမှ လေယာဉ်ခရီးစဉ် လိုက်ပါစီးနင်းသူများ မိမိစရိတ်ဖြင့် COVID-19 စစ်ဆေးမှု ခံယူရမည်

ကမ္ဘောဇတိုင်း

.

ရှမ်းပြည်နယ်အတွင်းမှ လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါစီးနင်းမည့်သူများအနေဖြင့် မိမိစရိတ်ဖြင့် သက်ဆိုင်ရာ မြို့နယ် ဆေးရုံများတွင် RDT Test Kit ဖြင့် COVID-19 ရောဂါ စစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

.

.

ထိုသို့ စစ်ဆေးမှု ခံယူရာတွင် ခရီးသည်များအနေဖြင့် လေယာဉ်လက်မှတ် ဝယ်ယူထားသည့် အထောက်အထား ပြသ၍ မိမိတို့‌နေထိုင်ရာ မြို့နယ်ဆေးရုံများတွင်ဖြစ်စေ၊ တောင်ကြီးမြို့နယ်၊ အေးသာယာတိုက်နယ်ဆေးရုံ၊ ကလောမြို့ထွက် စစ်ဆေးရေးဂိတ်၊ ကျိုင်းတုံမြို့တော်ခန်းမရှိ Fever Clinic နှင့် တာချီလိတ်ဆေးရုံဟောင်း Fever Clinic တို့တွင် COVID-19 ရောဂါ ရှိ/မရှိ မိမိစရိတ်ဖြင့် စစ်ဆေးမှု ခံယူရမည်ဖြစ်ပြီး ခရီးစဉ် မထွက်ခွာမီ ၃၆ နာရီအတွင်း RDT Test Kit ဖြင့် စစ်ဆေးထားသည့် COVID-19 ရောဂါပိုး မရှိကြောင်း ဓါတ်ခွဲစမ်းသပ်ချက်ကို Check in ဝင်ရောက်ချိန်တွင် တင်ပြ နိုင်ရမည်ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ခရီးသည်များအနေဖြင့် COVID-19 သံသယဖြစ်ဖွယ် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့အရသာ ပျောက်ဆုံးခြင်း စသည့်ရောဂါလက္ခဏာများ ကင်းရှင်းမှသာ ခရီးစဉ်တွင် လိုက်ပါရမည်ဖြစ်ပြီး လေယာဉ်ခရီးစဉ် မထွက်ခွာမီ ကိုယ်ရေးအချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

.

အလားတူ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ ဖြစ်စေ၊ Non Stay at Home မြို့နယ်များမှဖြစ်စေ လေကြောင်းခရီးစဉ်ဖြင့် ရှမ်းပြည်နယ်သို့ ဝင်ရောက်လာပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သတ်မှတ်ထားသော Hotel Quarantine များသို့ မိမိစရိတ်ဖြင့် ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

.

ထိုသို့ Hotel Quarantine ဝင်ရောက်ပြီး ၃ ရက်မြောက်နေ့တွင် PCR စက်ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ ဓါတ်ခွဲစမ်းသပ်မှု ခံယူရမည်ဖြစ်ပြီး စစ်ဆေးခ ၃၅၀၀၀ ကျပ်ကို မိမိစရိတ်ဖြင့် ကျခံရမည်ဖြစ်ကာ ရောဂါပိုး မတွေ့ရှိမှသာ သွားရောက်လိုသည့် နေရာသို့ သွားခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

.

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုအရ ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲမှုကို သတ်မှတ်ထားသော စံ လုပ်ထုံးလုပ်နည်း များနှင့် အညီ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ ပျံသန်းပြေးဆွဲခွင့် ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats