ကျောက်မဲတွင် အမျိုးသားတစ်ဦး လေသေနတ်ဖြင့် ပစ်ခတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ကျောက်မဲတွင် အမျိုးသားတစ်ဦး လေသေနတ်ဖြင့် ပစ်ခတ်ခံရ

မင်းဇော်မင်း

.

ကျောက်မဲမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ လွယ်ခွန်တောင်ပေါ်တွင် ယနေ့ ဒီဇင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းက လမ်းလျှောက်သွားသည့် အမျိုးသားတစ်ဦး လေသေနတ် အရှည်ဖြင့် ပစ်ခတ်ခံရသဖြင့် နောက်ကျောတွင် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

.

ကျောက်မဲမြို့၊ ရပ်ကွက် (၂) နေ ချမ်းမြေ့ ဆိုသူသည် ဒီဇင်ဘာလ ၁၇ ရက်၊ နံနက် ၈ နာရီခန့်က လွယ်ခွန်တောင်ပေါ်သို့ လမ်းလျှောက်ခွက်ပြီး သီဟိုဠ်ဘုန်းကြီးကျောင်းသွား စောင်းတန်းလှေကားတွင် ခေတ္တနားနေစဉ် အင်္ကျီအနက်ရောင် ဝတ်ဆင်ထားသည့် အမည်မသိသူတစ်ဦးမှ “မင်းလာချောင်းနေတာ ဟုတ်လား” ဟု မေး၍ ပေ ၂၀ ခန့်အကွာမှ လေသေနတ်အရှည်ဖြင့် ပစ်ခတ်ရာ ထိမှန်ခြင်းမရှိခဲ့ဘဲ စောင်းတန်းလှေကားမှ အောက်သို့ပြေးဆင်းခဲ့ရာ နောက်မှ ထပ်မံပစ်ခတ်သဖြင့် ကျောကုန်းတွင် လေသေနတ်ကျည် ထိမှန်ဒဏ်ရာတစ်ချက် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“အဲဒီနေရာ က ဆေးသမားတွေ သွားလာကျက်စားနေတဲ့နယ်ပယ် ဖြစ်လို့ သူ့ကို ခြောက်လှန့်ပစ်ခတ်တာဖြစ် နိုင်တယ်။ လေသေနတ်မို့သာ မသေတာ” ဟု ကျောက်မဲမြို့၊ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။

.

လေသေနတ်ကျည်ထိမှန်ဒဏ်ရာရခဲ့သူ ချမ်းမြေ့အား ကျောက်မဲဆေးရုံမှ နောက်ကျောဘက်တွင် ထိမှန်ခဲ့သည့် စက်ဘီးဘောလ်သီး ၁ လုံးအား ထုတ်ယူပေးခဲ့ပြီး နံနက် ၁၁ နာရီခွဲခန့်တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ လေသေနတ်ဖြင့် ပစ်ခတ်သူကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၁၂၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

.


Journal Download

Photo of three cats