ကလောမြို့နယ် ရေယားတွင် တပ်မ​​တော်ယာဥ်နှင့် ဆိုင်ကယ် တိုက်မိ၍ ဆိုင်ကယ်သမား သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ကလောမြို့နယ် ရေယားတွင် တပ်မ​​တော်ယာဥ်နှင့် ဆိုင်ကယ် တိုက်မိ၍ ဆိုင်ကယ်သမား သေဆုံး

စုလှိုင် 

.

ကလောမြို့နယ် ၊ ရေယားကျေးရွာ၊ ပြည်ထောင်စု လမ်းမပေါ်တွင် ဒီဇင်ဘာလ ၁ ရက်၊ ညနေပိုင်းက တပ်မ​တော်မော်တော်ယာဥ်နှင့် ဆိုင်ကယ် တစ်စီး တိုက်မိခဲ့၍ ဆိုင်ကယ်မောင်းနှင်သူ သေဆုံးခဲ့ကြောင်း သိရသည်။ 

.



ကလောမြို့နယ်၊ ရွာသစ်ကျေးရွာ၊ ရွှေမင်းဖုန်းဒေသတွင် နေထိုင်သူ မောင်အောင်သည် ကလောမြို့နယ်၊ ရေယားကျေးရွာ၊ ပြည်ထောင်စု လမ်းမ၊ မိုင်တိုင် အမှတ် (၆၇/၀)နှင့် (၆၇/၁)ကြားရှိ လမ်း၏ လက်ယာဘက် ကုန်စုံဆိုင် ရှေ့မှ ပြည်ထောင်စု လမ်းမကြီးပေါ် လက်ဝဲဘက်သို့ ကန့်လန့်ဖြတ် ဖြတ်ထွက်စဥ် ကလောဘက်မှ သာစည်ဘက်သို့ မောင်းနှင်လာသော တပ်မ​တော် စစ်စိမ်းရောင် မော်တော်ယာဥ် ဖြင့် ဝင်ရောက် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ 

.

ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ် မောင်းနှင်သူ မောင်အောင်တွင် ရင်ဘတ်ဖူးရောင် ဒဏ်ရာ၊ ဦးခေါင်း နောက်စေ့ ဖူးရောင်ဒဏ်ရာ ရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

.

အဆိုပါ ယာဥ်တိုက်မှုနှင့် ပတ်သက်၍ ယာဥ်ကြော မရှင်းဘဲ ပြည်ထောင်စုလမ်းမအား ကန့်လန့်ဖြတ် ဖြတ်ထွက်စဥ် ဝင်ရောက်တိုက်မိပြီး မိမိကိုယ်ကို ဒဏ်ရာများ ရရှိ သေဆုံး​စေသူ ဆိုင်ကယ်သမာ္အား ကလောမြို့မ ရဲစခန်းတွင် ယာဥ် (ပ) ၃၃/ ၂၀၂၀ ၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉ /၃၀၄ - က ဖြင့် အမှု ဖွင့်ထားကြောင်း သိရသည်။

Journal Download

Photo of three cats