ခွန်သန်းအောင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်တွင်
ယနေ့ ဒီဇင်ဘာလ ၃၁ ရက်၊ နံနက်ပိုင်းက အမျိုးသားတစ်ဦး ရေလောင်းအိမ်သာအတွင်း ကြိုးဆွဲချသေဆုံးမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်၊ နယ်မြေ (၁) နေ
အမျိုးသားတစ်ဦးမှ ၎င်းနေအိမ်၏ မြောက်ဘက်တွင် နေထိုင်သော ဦးဖိုးဆောင် (၅၂ နှစ်) သည်
နေအိမ်၏ အနောက်ဘက် အုတ်တိုက်ရေလောင်းအိမ်သာအတွင်း ကြိုးဆွဲချသေဆုံးနေကြောင်း ဖုန်းဆက်အကြောင်းကြားလာသဖြင့်
အောင်ပန်း နယ်မြေရဲစခန်းမှူး ရဲအုပ်သိန်းထိုက်ထွန်းနှင့် အဖွဲ့မှ သွားရောက်စစ်ဆေးရာ
ဦးဖိုးဆောင်သည် နေအိမ်အနောက်ဘက် ၁၅ ပေခန့်အကွာရှိ ရေလောင်းအိမ်သာအတွင်းရှိ ပန်းဘလောက်အပေါက်တွင်
ပုဆိုးဖြင့်ချီနှောင်လျက် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရဘဲ ကြိုးဆွဲချသေဆုံး နေသည်ကို
တွေ့ရှိခဲ့ရကြောင်း သိရသည်။
.
သေဆုံးသူသည် အရက်အလွန်အကျွံသောက်သုံး၍ အရက်ကြောင်ကာ
စိတ်ပေါ့သွပ်နေသူဖြစ်ပြီး ယင်းအိမ်သာအတွင်း သွားရောက်နေထိုင်နေသည်မှာ ၂ လကျော် ကြာမြင့်နေပြီဖြစ်ကြောင်း
၎င်း၏ မိသားစုဝင်များထံက သိရသည်။
.
သေဆုံးသူ၏ ရုပ်အလောင်းအား အောင်ပန်းတိုက်နယ်ဆေးရုံသို့
ပို့ဆောင်ပြီး ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန်
အောင်ပန်းနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၁၇/၂၀၂၀) ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.