အောင်ပန်းတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား

ခွန်သန်းအောင်၊ စုလှိုင်

.

ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ရေချိုကျေးရွာအုပ်စု၊ လွယ်မယ်ကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ ၂၃ ရက်၊ ညနေ ၃ နာရီခန့်က အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကရင်နီကုန်းကျေးရွာနေ စောအော်ကော (ခ) ကရင်လေး၊ ၂၇ နှစ်သည် အောင်ပန်းမြို့၊ ရေချိုကျေးရွာအုပ်စု၊ လွယ်မယ်ကျေးရွာရှိ ဦးစိုးသူနိုင် ပိုင်ဆိုင်သော အလုပ်သမားများ ထားသည့် ဂိုဒေါင် အပေါ်ထပ်ရှိ သစ်သားထုတ်တန်းတွင် ကြိုးဆွဲချသေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

.

စောအော်ကော (ခ) ကရင်လေး သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် အောင်ပန်းနယ်မြေ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၁၅/၂၀၂၀) ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

.


Journal Download

Photo of three cats