တပ်မတော်နှင့် AA တို့ ပန်ဆန်းတွင် တွေ့ဆုံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တပ်မတော်နှင့် AA တို့ ပန်ဆန်းတွင် တွေ့ဆုံ

မင်းဇော်မင်း

.

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်းမြို့တွင် ဒီဇင်ဘာလ ၉ ရက်က တပ်မတော်နှင့် ရခိုင့်တပ်တော် (AA) ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

.

.

ရခိုင့်တပ်တော် AA မှ ကိုယ်စားလှယ်အဖွဲ့များသည် ပန်ဆန်းမြို့တွင် တပ်မတော်ထိပ်ပိုင်း အရာရှိကြီးများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်မှာ မှန်ကန်ကြောင်း UWSA ပြင်ပဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက အတည်ပြု ပြောဆိုခဲ့သည်။

.

“ဟုတ်ပါတယ်။ ဘယ်သူတွေ၊ ဘယ်လိုအကြောင်းအရာတွေ တွေ့ဆုံဆွေးနွေးတယ် ဆိုတာကတော့ ကျွန်တော်တို့ မပါလို့ မသိရပါဘူး” ဟု ဦးညီရမ်းက ပြောသည်။

.

အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်က အွန်လိုင်းဖြင့် ပြုလုပ်ခဲ့သည့် အစည်းအဝေး နောက်ပိုင်း နှစ်ဘက်ကိုယ်စားလှယ်များ တွေ့ဆုံမှုလည်း ဖြစ်သည်။

.

Online ဆွေးနွေးမှုတွင် ပြီးခဲ့သည့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မြို့နယ်များရှိ ပြည်သူများ မဲပေးခွင့် မဆုံးရှုံးစေရန် လွတ်လပ်ပြီးတရားမျှတသော စံချိန်စံညွှန်းများနှင့်ပြည့်စုံသည့် ဆက်စပ်ရွေး ကောက်ပွဲများ ပြန်လည်ကျင်းပနိုင်ရေးအတွက် တပ်မတော်အနေဖြင့် NLD အစိုးရနှင့်ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း နှင့် လာမည့် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီကျင်းပနိုင်ရန်မေတ္တာရပ်ခံသည်ဟု နိုဝင်ဘာ ၁၂ ရက်က AA မှ ထုတ်ပြန်ထား သည်။

.

ထို့အပြင် ယင်းထုတ်ပြန်ချက်တွင် ပထမဆုံး အပစ်ရပ်စဲသည့်အနေဖြင့် ၂၀၂ဝ ပြည့်နှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်ဖက်သတ်အပစ်ရပ်စဲမှု တိုးမြှင့်ထားကြောင်းလည်းပါရှိသည်။

.

ယခုကဲ့သို့ UWSA “ဝ” ဌာနချုပ် ပန်ဆန်းတွင် တပ်မတော်နှင့် AA တွေ့ဆုံမှုနှင့် ပတ်သက်၍ သိရှိနိုင်ရန် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့ ထံသို့ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့သဖြင့် မည်သည့်ကိစ္စရပ်များ ဆွေးနွေးခဲ့သည်ကိုမူ မသိရှိရချေ။

.


Journal Download

Photo of three cats