တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်၊ လွယ်စီတုံကျေးရွာ၊ လောကဓမ္မ ဘုန်းကြီးကျောင်းလမ်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က ဒီဇင်ဘာလ ၁၆ ရက်၊ နေ့လယ်ပိုင်းတွင် ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိခဲ့​ကြောင်း သိရသည်။

.



မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည်  ကြိုတင် ချိတ်ဆက်ထားသည့် သတင်းအရ 

ယန်းခေါင်ကျေးရွာဘက်မှ လောကဓမ္မကျေးရွာဘက်သို့ အားဝေ မောင်းနှင်လာသည့် မော်တော်ယာဉ်နှင့် လီကောင်း(ခ) အားချာ မောင်းနှင်ပြီး အားဂျွေ့ လိုက်ပါလာသည့် 

မော်တော်ယာဉ်တို့အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် လီကောင်း(ခ)အားချာမှာ ယာဉ်ပေါ်မှ ခုန်ချထွက်ပြေး လွတ်မြောက်သွားပြီး အားဝေနှင့် အားဂျွေ့ တို့အား အိုက်စ် ၅၀ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်​ကြောင်း သိရသည်။

.

အဆိုပါ ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ အိုက်စ်များနှင့်အတူ ဖမ်းဆီးရမိသည့် အားဝေ၊ အားဂျွေ့နှင့် လီကောင်း(ခ)အားချာ (ဖမ်းမမိ)တို့အား ဥပဒေအရ အရေးယူထားပြီး သိမ်းဆည်းရမိသော အိုက်စ်များမှာ ကျိုင်းတုံမှ တာချီလိတ်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats