ကျောက်မဲမြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ရှမ်းပြည်နယ်အစိုးရက အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ရှမ်းပြည်နယ်အစိုးရက အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

 မိုင်းထွန်း

.

ကျောက်မဲမြို့နယ်၊ ခိုးမုန်းကျေးရွာရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ် Check Point -2 ၌ ယနေ့ ဒီဇင်ဘာလ ၁၉ ရက်၊ နေ့လယ်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်‌ ဒေါက်တာလင်းထွဋ်နှင့် အဖွဲ့က မြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ အလှူငွေနှင့် ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

.


 

.


ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများသည် ကျောက်မဲမြို့ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်များအတွက် အလှူငွေကျပ် ၁၀ သိန်း၊ ကြက်ဥ၊ ခေါက်ဆွဲ၊ နှာခေါင်းစည်း Mask များနှင့် လက်အိတ်များ ထောက်ပံ့ပေးအပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

.

ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ အလှူငွေနှင့် ထောက်ပံ့ ပစ္စည်းများ ​ပေးအပ်​နေလျက် ရှိ​ကြောင်း သိရသည်။

Journal Download

Photo of three cats