ဟိုပုံးမြို့တွင် အဆောက်အဦ တစ်လုံး မီးလောင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့တွင် အဆောက်အဦ တစ်လုံး မီးလောင်

နန်း​​ဝင်းရီ

.



ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ မြို့ဦးကွက်သစ်၊ နယ်မြေ(၁)တွင် ယနေ့ (ဒီဇင်ဘာလ ၁၇ ရက်)၊ ​နေ့လယ်  ၂ နာရီခန့်တွင် အဆောက်အဦ တစ်လုံး မီးလောင် ပျက်ဆီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

ယင်း အဆောက်အဦမှာ ဟိုပုံးမြို့၊ တောင်ရပ်ကွက်တွင် ဆိုင်ကယ်ဆိုင် ပိုင်ရှင် ကိုကျော်မင်း ပိုင်ဆိုင်သည့် ဆိုင်ကယ်အပို ပစ္စည်းများ/အဟောင်းများအား ဂိုဒေါင်အဖြစ် ထားရှိကာ လူ နေထိုင်ခြင်း မရှိကြောင်း သိရသည်။

.

မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှု တန်ဖိုး ၉၀၀၀၀ ကျပ်ခန့် ရှိပြီး မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ​ဒေသခံ ပြည်သူများက ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့မှု​ကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိခဲ့ဘဲ လမ်းသွားလမ်းလာ တစ်ဦးက ဆေးလိပ်တိုအား မဆင်မခြင် ပစ်ချထားခဲ့ရာမှ မီး စတင် လောင်ကျွမ်းခြင်း ဖြစ်သည်ဟု မှုခင်းမှတ်တမ်းများအရ သိရသည်။

.

အဆိုပါ မီး​လောင်ကျွမ်းမှုနှင့် ပတ်သက်၍ ဟိုပုံးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် စစ်​ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats