ကွန်ဟိန်းမြို့နယ်အတွင်း သောက်သုံးရေတွင်းများ၌ အီကိုလိုင်ဘက်တီးရီးယား ပါဝင်မှု စစ်ဆေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကွန်ဟိန်းမြို့နယ်အတွင်း သောက်သုံးရေတွင်းများ၌ အီကိုလိုင်ဘက်တီးရီးယား ပါဝင်မှု စစ်ဆေး

ငြိမ်းသူ

.

လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးလက်နေပြည်သူများ နေ့စဉ်သောက်သုံးလျက်ရှိသည့် ရေအရင်း အမြစ်များမှ ရေနမူနာများရယူကာအီကိုလိုင် (Ecoli) ဘက်တီးရီးယားပိုးပါဝင်မှုရှိ/မရှိ ရေအရည်အသွေး များကို  Ecoli Test Kit ဖြင့် စမ်းသပ်စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

.

.

ထိုသို့စစ်ဆေးပေးရာတွင် ကွန်ဟိန်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ဆူး နှင့် ၀န်ထမ်းများက ကျေးရွာများသို့ ကွင်းဆင်းကာဒေသခံပြည်သူများ၏ နေ့စဉ်သောက်သုံးလျက်ရှိသော အများသုံးနေရာများမှ ရေနမူနာများကိုရယူပြီး ရေထဲတွင် အီကိုလိုင် (Ecoli) ဘက်တီးရီယားပိုး၊ လူနှင့် တိရစ္ဆာန် အညစ်အကြေးဓါတ်ပါဝင်မှုကို စစ်ဆေးပေးခြင်းဖြစ်ကြောင်း၊ ဝမ်းပျက်ဝမ်းလျှောနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်သည့် အတွက် သောက်သုံးရန်သင့်/မသင့် သိရှိနိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ စစ်ဆေးပေးခြင်းဖြစ်ကြောင်းသိရသည်။

.

ကွန်ဟိန်းမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၃၇ ရွာရှိသည့်အနက် ကနဦးအနေဖြင့် ကျေးရွာပေါင်း ၅၀ ရှိ အများသုံး ရေအရင်းအမြစ်များကို စစ်ဆေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့်ကျေးရွာများကိုလည်း ဆက်လက်စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း ကွန်ဟိန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ဆူး ထံက သိရသည်။

.


Journal Download

Photo of three cats