အောင်ပန်းဂျာနယ်ကို ပထမကြိမ်အဖြစ် စတင် ထုတ်ဝေဖြန့်ချိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

အောင်ပန်းဂျာနယ်ကို ပထမကြိမ်အဖြစ် စတင် ထုတ်ဝေဖြန့်ချိ

ကလောမြို့နယ်၊ အောင်ပန်းမြို့ အခြေစိုက် အောင်ပန်းဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၁)ကို ဒီဇင်ဘာလ ၁ ရက်မှ စတင်၍ ပထမအကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့ကြောင်း သိရသည်။ 

.



“ ထုတ်ရတဲ့ ရည်ရွယ်ချက်က ရှမ်းမြေလတ် ဒေသမှာ ဓနုနယ်ပေါ့။ အဓိက က ဓနုနယ်မှာ စာဖတ်အား ကောင်းလာအောင် တစ်ခု ပါတယ်။ နောက်တစ်ခုက အောင်ပန်းက စီးပွားရေးဇုန် ဖြစ်တာပေါ့။ အဲတော့ တောင်သူတွေရဲ့ ရသင့်တဲ့ အခွင့်အရေးတွေကို ဆုံးရှုံး နစ်နာမှု မရှိအောင် စျေးကွက်စနစ်ကို ပိုပြီး ပီပြင်လာအောင် သူတို့ကို ကာဗာ ပေးချင်တဲ့ သဘောမျိုးနဲ့ ရည်ရွယ်ချက် တစ်ခုပေါ့။”ဟု အောင်ပန်းဂျာနယ် ထုတ်ဝေသူ ဦးမင်းလွင်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ အောင်ပန်းဂျာနယ်ကို ၁၅ ရက်လျှင် တစ်ကြိမ်၊ တစ်လလျှင် ၂ ကြိမ် ထုတ်ဝေ ဖြန့်ချိသွားမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်တွင် အခမဲ့ ဖြန့်ချိခဲ့သော်လည်း လာမည့်ဂျာနယ်များကိုမူ တစ်စောင်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် ထုတ်​ဝေ ဖြန့်ချိရန် စီစဉ်ထားကြောင်း သိရသည်။

.

“ ပုံနှိပ် မီဒီယာဆိုတာက ဂုဏ်သိက္ခာအရ မြင့်မားသလို၊ တာဝန်ယူမှု တာဝန်ခံမှုဆိုတာလည်း လုံးဝ ရာနှုန်းပြည့် ရှိတာမျိုးပါ။ ပြည်နယ်အတွင်းမှာ ပုံနှိပ်မီဒီယာ တစ်ခု တိုးလာတာ ဂုဏ်ယူစရာပါ။ ခေတ်ရေစီးကြောင်းအရ အွန်လိုင်းကိုလည်း ထိုးဖောက်ဖို့အတွက် အကြံပြုချင်ပါတယ်။ အခုလို ကပ်ရောဂါကာလမှာ စတင် ဖြန့်ချိတာမို့ အခက်အခဲတော့ ရှိနေမှာပါ။ ဘာဖြစ်ဖြစ် အားတင်းပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။”ဟု ကမ္ဘောဇတိုင်းသတင်းဂျာနယ်၏ အယ်ဒီတာချုပ်က ပြောသည်။

.

အောင်ပန်းဂျာနယ်သည် ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ၀၂၉၁၃ ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကာ ကလောမြို့နယ်၊ ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်၊ ရပ်စောက်မြို့နယ်နှင့် နောက်ချိုမြို့နယ်တို့တွင် အဓိက ထား ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats