လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, December 22, 2020

လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

လွိုင်လင်မြို့နယ်တွင် ဒီဇင်ဘာလ ၂၁ ရက်၊ နံနက်ပိုင်းက ငွေကျပ် ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းဆီး ရမိခဲ့​​ကြောင်း သိရသည်။

.



မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လွိုင်လင်-တောင်ကြီး ကားလမ်း၊ လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး စောင့်ဆိုင်းနေစဉ် လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ၆ ဘီးမော်တော်ယာဉ်ကို စစ်ဆေးရန် တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေးသောကြောင့် လိုက်လံပိတ်ဆို့ဖမ်းဆီးစဉ် မိုင်းပွန်မြို့၊ သင်္ချိုင်းအနီး ဖမ်းဆီးရမိခဲ့ပြီး မော်တော်ယာဉ်အား ရှာ​ဖွေ စစ်​​ဆေးရာ ယာဉ်ပေါ်တွင် ပန်းနှမ်းအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈ သန်း သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်​ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွရူးသွပ်​ဆေးများနှင့် အတူ ဖမ်းဆီး ရမိသည့် ရဲလှိုင်ဝင်းအား ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီးကွင်းဆက်တရားခံများ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ ထုတ်ပြန်ချက်အရ သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats