ကမ္ဘောဇတိုင်း
.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ
မြို့ကြီးဆည် တည်ဆောက်ရာတွင် ပါဝင်သွားသော တောင်သူ များ၏ လယ်ယာမြေများအတွက် လျော်ကြေးငွေများကို
ယနေ့ နိုဝင်ဘာလ ၄ ရက်၊ နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ ပေးအပ်ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး
ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီအဖွဲ့ဝင်
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက အမှာစကား ပြောကြားခဲ့သည်။
.
ထို့နောက် မြို့ကြီးဆည် တည်ဆောက်ရေးစီမံကိန်းတွင်
ပါဝင်သွားသော တောင်သူ ၉၈ ဦး၏ လယ်ယာမြေများအတွက် လျော်ကြေးငွေကျပ် ၆၆၃ ဒသမ ၃ သန်းအား
ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ဦးအောင်စိုးမင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း၊ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ဦးအေးမင်းစိုး၊ တည်ဆောက်ရေး (၇) မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မိုးအောင်တို့က
တောင်သူများ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
မြို့ကြီးဆည် တည်ဆောက်ရေးစီမံကိန်းမှာ ၂၀၁၅-၂၀၁၆
ဘဏ္ဍာနှစ်တွင် ပြီးစီးခဲ့ပြီး စီမံကိန်း တည်ဆောက်ရာတွင် ပါဝင်သွားသည့် တောင်သူများအနက်
မြို့ကြီး၊ ကျွန်းကြီး၊ ဆည်ရွာ၊ မြစ်ဆုံရွာများမှ တောင်သူ ၇၃၉ ဦးအတွက် ပထမအကြိမ် အဖြစ်
လျော်ကြေးငွေကျပ် ၁၈၅၅ ဒသမ ၅၇၅ သန်းကို ၂၀၁၅ ခုနှစ်၊ မေလ ၂၇ ရက်တွင်လည်းကောင်း၊ တောင်သူ
၁၂ ဦးအတွက် ဒုတိယအကြိမ်အဖြစ် လျော်ကြေးငွေကျပ် ၆၃ ဒသမ ၁၁ သန်းကို ၂၀၁၈ ခုနှစ်၊ ဇွန်လ
၂၇ ရက်တွင်လည်းကောင်း၊ တောင်သူ ၃ ဦးအတွက် တတိယအကြိမ်အဖြစ် လျော်ကြေးငွေကျပ် ၁၉ ဒသမ
၂၉ သန်းအား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်တွင်လည်းကောင်း ပေးအပ်ခဲ့ပြီးဖြစ်ကာ ယခုအခါ
တောင်သူ ၉၈ ဦးအတွက် စတုတ္ထအကြိမ်အဖြစ် မြေယာလျော်ကြေးငွေ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
.