စုလှိုင်
.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင်
နိုဝင်ဘာလ ၆ ရက်၊ နေ့လယ်ပိုင်းက ငွေကျပ် ၁၂၅ သိန်း တန်ဖိုးရှိ ဘိန်းစိမ်းနှင့် ဘိန်းဆီခဲများ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၆ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်က သတင်းအရ
သက်သေများနှင့်အတူ ရွာငံမြို့နယ်၊ ကျောက်ဂူပြင်ကျေးရွာအထွက်
ရွာငံ-ကျောက်ဆည်သွားလမ်းပေါ် တွင် ရွာငံမြို့ဘက်မှ ကျောက်ဆည်မြို့ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊
မတ္တရာမြို့နယ်၊ ဘိုကုန်းကျေးရွာနေသူများ ဖြစ်သည့် နိုင်အောင် မောင်းနှင်ပြီး
ဒေါ်အေး စီးနင်းလိုက်ပါလာသည့် TOYOTA HILUX အမျိုးအစား
မော်တော်ယာဉ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော
ဘိန်းစိမ်းအလေးချိန် ၉ ကီလို၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၇ သိန်းနှင့်
ဘိန်းဆီခဲအလေးချိန် ၇ ကီလို၊ ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၉၈ သိန်းတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍
သယ်ဆောင်လာသူ ၂ ဦးအား ရွာငံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး
ကွင်းဆက်များ ဖော်ထုတ် စစ် ဆေးလျက်ရှိကြောင်း သိရသည်။
.