ကလောအဝင် စစ်ဆေးရေးဂိတ်တွင် လိုင်စင်မဲ့ယာဉ် ၃ စီး ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ကလောအဝင် စစ်ဆေးရေးဂိတ်တွင် လိုင်စင်မဲ့ယာဉ် ၃ စီး ဖမ်းမိ

စိုင်းသိင်္ခသူ

.

ကလောမြို့အဝင် စစ်ဆေးရေးဂိတ်တွင် သာစည်ဘက်မှ မောင်းနှင်လာသည့် လိုင်စင်မဲ့ယာဉ် ၃ စီးကို နိုဝင်ဘာလ ၂၂ ရက်၊ ညနေပိုင်းက ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

.




ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ကလောမြို့အဝင် စစ်ဆေးရေးဂိတ်တွင် ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေစဉ် သာစည်ဘက်မှ ကလောဘက်သို့ မြဝတီမြို့နေ ကျော်ဇင်ဟိန်း၊ သူရမင်းဆက်၊ မျိုးမင်းသူတို့ လိုက်ပါ မောင်းနှင်လာသည့် မော်တော်ယာဉ် ၃ စီးအား စစ်ဆေးရာ မော်တော်ယာဉ်နှင့် ပတ်သက်သည့် တရားဝင် မှတ်ပုံတင်ထားသော လိုင်စင်၊ စာရွက်စာတမ်း၊ အထောက်အထား တစ်စုံတရာ ပြသနိုင်ခြင်း မရှိဘဲ လိုင်စင်မဲ့ယာဉ်များ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ လိုင်စင်မဲ့ မော်တော်ယာဉ်များအား လက်ဝယ်ထားရှိ စီးနင်းလာသူများအား ကလောမြို့မရဲစခန်းတွင် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ အရ အမှုဖွင့်၍ ဖမ်းဆီးပြီး မော်တော်ယာဉ်များအား သိမ်းဆည်းထားကြောင်း သိရသည်။

Journal Download

Photo of three cats