ရှမ်းပြည်နယ်တွင် USDP ၇ နေရာ၊ TNP ၂ နေရာ၊ NLD ၂ နေရာ၊ LNDP ၁ နေရာနှင့် တစ်သီးပုဂ္ဂလ ၁ ဦး ထပ်မံအနိုင်ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, November 11, 2020

ရှမ်းပြည်နယ်တွင် USDP ၇ နေရာ၊ TNP ၂ နေရာ၊ NLD ၂ နေရာ၊ LNDP ၁ နေရာနှင့် တစ်သီးပုဂ္ဂလ ၁ ဦး ထပ်မံအနိုင်ရ

ကမ္ဘောဇတိုင်း

.

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်အဖြစ် ယခု နိုဝင်ဘာလ ၁၁ ရက်၊ ညနေ ၅ နာရီ အချိန်အထိ ရှမ်းပြည်နယ်အတွင်း၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ၇ နေရာ၊ “ဝ” အမျိုးသား ပါတီ (WNP) က ၂ နေရာ၊ တအာင်း (ပလောင်) အမျိုးသားပါတီက ၂ နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၂ နေရာ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LND) က ၁ နေရာနှင့် တစ်သီးပုဂ္ဂလ တစ်နေရာ ထပ်မံ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

.

.

USDP မှ ထပ်မံအနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် မက်မန်းမြို့နယ်မဲဆန္ဒနယ်မှ ဦးတင်အေး၊ ကွတ်ခိုင်မြို့နယ်မဲဆန္ဒနယ်မှ ဦးသူရလွင်၊ ကွမ်းလုံမြို့နယ်မဲဆန္ဒနယ်မှ ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ် လွှတ်တော် ကွတ်ခိုင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးနော်အောင်၊ ကွမ်းလုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ဦးထွန်းရင်၊ ကွမ်းလုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးဟော်ထိုက်ဖူနှင့် ဟိုပန်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးညီနပ် တို့ဖြစ်ကြောင်း သိရသည်။

.

TNP မှ ထပ်မံအနိုင်ရသည့် မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်များမှာ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ် (၅) မှ ဦးအိုက်မွန်းနှင့် ရှမ်းပြည်နယ်လွှတ်တော် ကွတ်ခိုင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ဦးကြာထွန်းတို့ ဖြစ်ကြောင်း သိရသည်။

.

NLD မှ ထပ်မံအနိုင်ရသည့် မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်များမှာ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၂) မှ စိုင်းဝန်းဆိုင်နှင့် ရှမ်းပြည်နယ်လွှတ်တော် အာခါတိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ် ဦးယာကုပ်တို့ ဖြစ်ကြောင်း သိရသည်။

.

LNDP မှ အနိုင်ရရှိသည့် မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်မှာ မက်မန်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးကျကဇော် ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ရှမ်းပြည်နယ်လွှတ်တော် မက်မန်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးခမ်းရွှေ က အနိုင်ရရှိခဲ့သည်ဟု သိရသည်။

.

ယနေ့ ညနေ ၅နာရီအချိန်အထိ ကမ္ဘောဇတိုင်းမှ စုံစမ်းရရှိထားသော ရလဒ်များအရ SNLD က ၄၁ နေရာ၊ NLD က ၄၈ နေရာ၊ USDP က ၄၃ နေရာ၊ PNO က ၁၁ နေရာနှင့် TNP က ၁၂ နေရာ၊ SNDP က ၁ နေရာ၊ WNP က ၃ နေရာ၊ LNDP က ၁ နေရာနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁ နေရာ အနိုင်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

.

ကျန် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၆ ခုအတွက် ရလဒ်များကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးတွင် ဆက်လက် စိစစ်မှုများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။

.

အထက်ပါ အချက်အလက်များအား ပြင်ပသတင်းရင်းမြစ်များမှ ရယူထားခြင်းဖြစ်ပြီး အချို့ ကိုယ်စားလှယ်များအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တရားဝင် အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးချေ။

.

#KBZTai #ShanElection #Result

.

https://www.kanbawzatainews.com/2020/11/Shan-result.html

.

No comments:

Post a Comment

Journal Download

Photo of three cats

About