ကမ္ဘောဇတိုင်း
.
၂၀၂၀ ပြည့်နှစ် ပါတီစုံ
ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်အဖြစ် ယခု နိုဝင်ဘာလ ၉ ရက်၊ ညနေ ၆ နာရီအထိ
ရှမ်းပြည်နယ်အတွင်း၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)
မှ ၉ နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ
၄ နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ၄ နေရာ၊
တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) မှ ၃ နေရာနှင့်
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) မှ ၃
နေရာ ထပ်မံ အနိုင် ရရှိထားကြောင်း သိရသည်။
.
.USDP မှ ထပ်မံအနိုင် ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့်
ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် ကုန်းကြမ်းမြို့နယ် မဲဆန္ဒနယ်မှ ဦးဝေစန်း၊
လောက်ကိုင်မြို့နယ်မဲဆန္ဒနယ်မှ ဦးကျောက်တယ်ချန်း၊ ရှမ်းပြည်နယ်လွှတ်တော်
မူဆယ်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ စိုင်းနော်တောင်၊ မိုင်းဖြတ်မြို့နယ်မဲဆန္ဒနယ်အမှတ်
(၁) မှ ဦးညွန့်ဝင်း၊ မိုင်းဖြတ်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးဖရန်စစ်စကို၊
ကုန်းကြမ်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ဦးလီကျိန်းဖူ၊
ကုန်းကြမ်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးမောင်မောင်၊
လောက်ကိုင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ဦးလူတယ်ဟုန်၊
လောက်ကိုင်မြိုန့ယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးဘေရင်နယ်တို့ဖြစ်ကြောင်း သိရသည်။
.
PNO မှ အနိုင် ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့်
ကိုယ်စားလှယ်များမှာ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၁၀) မှ ခွန်အောင်ကျော်၊
ပြည်သူ့လွှတ်တော် ဟိုပုံးမြို့နယ်မဲဆန္ဒနယ်မှ နန်းခမ်းဗွာ၊ ရှမ်းပြည်နယ်လွှတ်တော် ဟိုပုံး
မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ခွန်မောင်ဖြူ၊ ဟိုပုံးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ
ခွန်စံလွင်တို့ဖြစ်ကြောင်း သိရသည်။
.
NLD မှ ထပ်မံ အနိုင် ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့်
ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် မဘိမ်းမြို့နယ်မဲဆန္ဒနယ်မှ ဦးအောင်မြင့်ရှိန်၊
ရှမ်းပြည်နယ်လွှတ်တော် မဘိမ်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ဦးမောင်ညို၊ မဘိမ်းမြို့နယ်မဲဆန္ဒနယ်အမှတ်
(၂) မှ ဦးမင်းမင်းသိန်းနှင့် နမ္မတူမြိုန့ယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးဝင်းလှိုင် တို့ဖြစ်ကြောင်း
သိရသည်။
.
TNP အနိုင်ရရှိသည့် မဲဆန္ဒနယ်နှင့်
ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်မှ ဦးလမင်းထွန်း၊ ရှမ်းပြည်နယ်လွှတ်တော်
နမ့်ဆန်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ဦးဇော်မြင့်ဦး၊ နမ့်ဆန်မြို့နယ်
မဲဆန္ဒနယ်အမှတ် (၂)မှ ဦးဝင်းထူး တို့ဖြစ်ကြောင်း သိရသည်။
.
SNLD မှ ထပ်မံအနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်မှာ
ပြည်သူ့လွှတ်တော် မူဆယ်မြို့နယ် မဲဆန္ဒနယ်မှ နန်းထွေးမှုံ၊ နမ္မတူမြို့နယ် မဲဆန္ဒနယ်မှ
နန်းခမ်းအေး၊ ရှမ်းပြည်နယ်လွှတ်တော် နမ္မတူမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ စိုင်းကျော်ညွန့်
တို့ဖြစ်ကြောင်း သိရသည်။
.
ယနေ့ ညနေ ၆ နာရီအချိန်အထိ ကမ္ဘောဇတိုင်းမှ
စုံစမ်းရရှိထားသော ရလဒ်များအရ SNLD က ၂၂ နေရာ၊ NLD က ၁၂ နေရာ၊ USDP က ၁၃ နေရာ၊ PNO က ၁၀ နေရာနှင့် TNP က ၆ နေရာ
အနိုင်ရရှိထားပြီးဖြစ်ကာ ကျန် မဲဆန္ဒနယ်များ အတွက် ရလဒ်များကို သက်ဆိုင်ရာ
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးတွင် ဆက်လက် စိစစ်မှုများ ပြုလုပ်နေလျက်
ရှိကြောင်း သိရသည်။
.
အထက်ပါ အချက်အလက်များအား ပြင်ပသတင်းရင်းမြစ်များမှ
ရယူထားခြင်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တရားဝင်
အတည်ပြုထုတ်ပြန်ခြင်းမရှိသေးချေ။
.
#KBZTai #ShanElection #Result
.
https://www.kanbawzatainews.com/2020/11/Shan-result.html
.
.
No comments:
Post a Comment