ကလောပြည်ခိုင်ဖြိုးမှ UEC အား ဆန္ဒထုတ်ဖော် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, November 26, 2020

ကလောပြည်ခိုင်ဖြိုးမှ UEC အား ဆန္ဒထုတ်ဖော်

ကမ္ဘောဇတိုင်း

.

တောင်ကြီးခရိုင်၊ ကလောမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ ဝန်းရံသူများမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒ ထုတ်ဖော်လျက်ရှိကြောင်း သိရသည်။

.

.

ထိုသို့ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ရာတွင် ကလောမြို့၊ အမှတ် (၂) ရပ်ကွက်၊ စခန်းသာဓမ္မာရုံရှေ့၊ ပြည်ထောင်စု လမ်းမကြီးမှ မင်းလမ်းအတိုင်း မြို့နယ်ပြည်ခိုင်ဖြိုးရုံးသို့ မော်တော်ယာဉ် ၅ စီးဖြင့် ချီတက်ပြီး ရုံးပရဝုဏ် အတွင်း “မှန်ကန်မျှတမှုမရှိသည့် ရွေးကောက်ပွဲကော်မရှင် အလိုမရှိ”၊ “မသမာသောနည်းဖြင့် အာဏာရယူရန် ကြိုးစားသော အစိုးရအား ဆန့်ကျင်ကြ”၊ “တစ်နိုင်ငံလုံးရှိ မဲမသမာမှုများအား ဝိုင်းဝန်းစစ်ဆေးဖော်ထုတ်ရေး ဒို့အရေး”၊ “တာဝန်ယူမှု တာဝန်ခံမှုမရှိသော ရွေးကောက်ပွဲကော်မရှင် ဖျက်သိမ်း‌ပေးရေး ဒို့အရေး၊ “မဲလိမ် မဲခိုးအစိုးရ အလိုမရှိ” စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရသည်။

.

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဆန္ဒထုတ်ဖော်သူ ၂၈ ဦး၊  ဝန်းရံသူ ၅၀ ဦးခန့်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

.


 

No comments:

Post a Comment

Journal Download

Photo of three cats