ကမ္ဘောဇတိုင်း
.
တောင်ကြီးခရိုင်၊ ကလောမြို့တွင် လာမည့် နိုဝင်ဘာလ
၂၆ ရက်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏
ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒ ဖော်ထုတ်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
.“ရည်ရွယ်ချက်ကတော့ UEC ကို
မကျေနပ်တဲ့ အကြောင်းတွေပါပဲ။ ကျန်တာ တခြားတော့ မရှိပါဘူး။ ကလောမြို့၊ စခန်းသာ ရပ်ကွက်
(၂) ကနေ ကျွန်တော်တို့ ပါတီရုံးကိုပဲ ချီတက်မှာပါ။ ကြွေးကြော်သံ ၆ ချက် ပါပါမယ်။ ခွင့်ပြုချက်
အကုန်လုံး တင်ထားပါတယ်။ ခွင့်ပြုချက်ရမှ လုပ်မှာပါ” ဟု ဆန္ဒဖော်ထုတ်ပွဲအား ဦးဆောင်မည့်
ဦးဝေလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ရာတွင် ကလောမြို့၊
အမှတ် (၂) ရပ်ကွက်၊ စခန်းသာဓမ္မာရုံရှေ့၊ ပြည်ထောင်စု လမ်းမကြီးမှ မင်းလမ်းအတိုင်း
မြို့နယ်ပြည်ခိုင်ဖြိုးရုံးသို့ မော်တော်ယာဉ် ၅ စီးဖြင့် ချီတက်ပြီး ရုံးပရဝုဏ် အတွင်း
“မှန်ကန်မျှတမှုမရှိသည့် ရွေးကောက်ပွဲကော်မရှင် အလိုမရှိ”၊ “မသမာသောနည်းဖြင့် အာဏာရယူရန်
ကြိုးစားသော အစိုးရအား ဆန့်ကျင်ကြ”၊ “တစ်နိုင်ငံလုံးရှိ မဲမသမာမှုများအား ဝိုင်းဝန်းစစ်ဆေးဖော်ထုတ်ရေး
ဒို့အရေး”၊ “တာဝန်ယူမှု တာဝန်ခံမှုမရှိသော ရွေးကောက်ပွဲကော်မရှင် ဖျက်သိမ်းပေးရေး
ဒို့အရေး၊ “မဲလိမ် မဲခိုးအစိုးရ အလိုမရှိ” စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ဆန္ဒဖော်ထုတ်မှုကို ခန့်မှန်းလူဦးရေ ၂၉
ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကလောမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ငြိမ်းချမ်းစွာ
စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း အသိပေးတင်ပြထားပြီးဖြစ်သည်ဟု သိရသည်။
.
No comments:
Post a Comment