တောင်ကြီးမြို့တွင် UEC အား DNP ပါတီမှ ဆန္ဒထုတ်ဖော် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, November 17, 2020

တောင်ကြီးမြို့တွင် UEC အား DNP ပါတီမှ ဆန္ဒထုတ်ဖော်

အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)မှ ပါတီဝင်များ၊ ဝန်းရံသူ စုစုပေါင်း အင်အား ၃၀ ဦးခန့်သည် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးရှေ့၌ ယနေ့ နိုဝင်ဘာလ ၁၇ ရက်၊ နေ့လယ် ၁၂ နာရီခွဲမှ ၁ နာရီခွဲထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

.


ဆန္ဒထုတ်ဖော်ခြင်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မှားယွင်းစွာ ဆောင်ရွက်နေမှုများကြောင့်ဟု ဆိုကာ “ တစ်နိုင်ငံလုံးရှိ မဲမသမာမှုများအား ဝိုင်းဝန်း စစ်ဆေးဖော်ထုတ်ရေး၊ တာဝန်ယူမှု တာဝန်ခံမှု မရှိသော ရွေးကောက်ပွဲ ကော်မရှင် ဖျက်သိမ်းရေး၊ မဲလိမ်မဲခိုးအစိုးရ အလိုမရှိ၊ မသမာသော နည်းလမ်းဖြင့် အာဏာယူရန် ကြိုးစားသော အစိုးရအား ဆန့်ကျင်ကြ၊ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ ပြုကျင့်မှုများအား ဆန့်ကျင်ကြ” စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်(ဗီနိုင်း)များ ကိုင်ဆောင်ကာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

.


အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ပအိုဝ်းတိုင်းရင်းသားများ ပါဝင်သည်ကို တွေ့မြင်ရပြီး ၎င်းတို့အား သတင်းမီဒီယာများက ဆန္ဒ ထုတ်ဖော်မှု အခြေအနေအား မေးမြန်းရာတွင် ရည်ရွယ်ချက်အား သိရှိခြင်း မရှိကြောင်း ပြောဆိုခဲ့မှုများ ရှိခဲ့ပြီး ယင်းပြောဆိုမှုအား ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ဦးဝင်းဗိုလ်မှ ပအိုဝ်းတိုင်းရင်းသားများသည် မြန်မာ(ဗမာ) စကား မတတ်မြောက်ခြင်းကြောင့် ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

.


အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အမှတ်စဉ် (၁၁၄)ဖြင့် ပါတီမှတ်ပုံတင် ခွင့်ပြုချက် ရရှိခဲ့ခြင်း ဖြစ်ပြီး ယင်းပါတီ ဥက္ကဌမှာ ယခင် ပထမအကြိမ်အစိုးရ၏ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင် (တပ်မတော်တွင် စစ်ဥပဒေချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ) ဖြစ်ကာ ယင်းပါတီအနေဖြင့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် တစ်နေရာကိုမျှ အနိုင် ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

 


No comments:

Post a Comment

Journal Download

Photo of three cats

About