UEC အား ဆန္ဒဖော်ထုတ်ရန် DNP ပါတီမှ အေးသာယာမှ တောင်ကြီးသို့ စတင် ထွက်ခွာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

UEC အား ဆန္ဒဖော်ထုတ်ရန် DNP ပါတီမှ အေးသာယာမှ တောင်ကြီးသို့ စတင် ထွက်ခွာ

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား ဆန္ဒဖော်ထုတ်ရန်အတွက် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)မှ ပါတီဝင်များ၊ ဝန်းရံသူများသည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ မီးသတ်ရုံးရှေ့တွင် ယခု နိုဝင်ဘာလ ၁၇ ရက်၊ နေ့လယ် ၁၂ နာရီကျော်တွင် စတင်စုဝေးပြီးနောက် တောင်ကြီးမြို့သို့ ထွက်ခွာ လာနေပြီ ဖြစ်ကြောင်း သိရသည်။

.




၎င်းတို့သည် အေးသာယာမြို့မှ တောင်ကြီးမြို့သို့ မော်တော်ယာဉ်များဖြင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီးနောက် ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးရှေ့တွင် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခြင်းကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

.

ယခု ဆန္ဒဖော်ထုတ်မှုသည် ရှမ်းပြည်နယ်အတွင်း၌ ရွေးကောက်ပွဲ အလွန်ကာလတွင် ပထမဆုံး ပြုလုပ်သည့် ဆန္ဒဖော်ထုတ်မှုလည်း ဖြစ်သည်။

Journal Download

Photo of three cats