ဦးရွှေမန်း၏ စိတ်နေသဘောထားကို လေးစားသည့်အတွက် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသို့ ဝင်ရောက်ခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ပြောကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, November 1, 2020

ဦးရွှေမန်း၏ စိတ်နေသဘောထားကို လေးစားသည့်အတွက် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသို့ ဝင်ရောက်ခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ပြောကြား

ဆိုင်းနှောင်

.

ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၏ စိတ်နေဘောထားကို လေးစားသည့် စိတ်ကြောင့် ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီသို့ ဝင်ရောက်ခြင်းဖြစ်သည်ဟု UBP ပါတီမှ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ဒေါ်ခင်သိမ့်သိမ့်ထွန်းက ပြောဆိုခဲ့သည်။

.



.

“ကျွန်မတို့ ပေးထားတဲ့ကတိတွေဟာ ပြည်သူကိုမျက်နှာမူတဲ့ ကတိတွေဖြစ်ပါတယ်။ ကျွန်မပါတီဝင်ရတဲ့ ရည်ရွယ်ချက် ကတော့ ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ စိတ်နေသဘောထားနဲ့ သူ့ကို လေးစားတဲ့စိတ်ကြောင့် ဝင်ဖြစ်တာပါ။ ပြီးတော့ သူ အလုပ်လုပ်တာကို ယုံကြည်လို့ ကျွန်မတို့ ဝင်တာပါ။ ဒီဒေသမှာ ငြိမ်းချမ်းရေးတွေ၊ စီးပွားရေးတွေ, ဒေသဖွံ့ဖြိုးရေးတွေ လိုအပ်တယ်။ အဲဒီလိုအပ်ချက်တွေကို ကျွန်မအနေနဲ့ တစ်ထောင့် တစ်နေရာက ပံ့ပိုးနိုင်အောင် ဆိုတဲ့စိတ်နဲ့ ကိုယ် စားလှယ်လောင်း ဝင်ပြိုင်တာပါ” ဟု ဒေါ်ခင်သိမ့်သိမ့်ထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

၎င်းအနေဖြင့် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၅) ဖြစ်သော မူဆယ်ခရိုင်အတွင်း မဲဆွယ်စည်းရုံးရေး ပြုလုပ်ရာတွင် နမ့်ခမ်းမြို့နယ်အတွင်း၌ အတိုက်အခိုက် ပြုမှုများ ခံခဲ့ရကြောင်း သိရသည်။

.

“တခြားဒေသ‌တွေ စည်းရေးရုံးရေး သွားတဲ့အခါ ဒေသခံတွေ ဖေးဖေးမမပဲ ဘာမှမဖြစ်ဘဲနဲ့ ကိုယ့်ဒေသ နမ့်ခမ်းရောက်မှ ကား ၁၁ စီးနဲ့ မူဆယ်ကနေ နမ့်ခမ်းတောင်ပေါ်အထိ အင်အားပြပြီး ကျမတို့ ကိုယ်စားလှယ်တွေကို ဖမ်းမယ် ပြောတယ်။ အဲဒီနောက်ပိုင်း တခြားပါတီတွေဆိုလည်း ဘယ်ပါတီမှ မသွားရဲတဲ့ နေရာပဲ။ ကျွန်မလည်းကြောက်ပြီး စည်းရုံးရေး ထပ်မဆင်းရဲတော့ဘူး။ ဒီလို ဒေသတွေမှာ အမှောင်ချပြီး ငါ့ပိုင်တယ် ငါ့စကားပဲ နားထောင် ငါ့အာဏာပဲ ဖြစ်စေရမယ် ဆိုပြီး လုပ်နေတာတွေကို ပြည်ထောင်စုအထိ ရှင်းပေးစေချင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

.

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်၌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ၁၄ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ၇ ဦး၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ၂၈ ဦးနှင့် ရှမ်းပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးရေးရာကိုယ်စားလှယ် နေရာအတွက် ၆ ဦး၊ စုစုပေါင်း ၅၅ ဦး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About