ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်
(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရမှုနှင့်
ပတ်သက်၍ တအာင်း (ပလောင်) အမျိုးသားပါတီ၊ ကျောက်မဲမြို့နယ် အလုပ် အမှုဆောင်အဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊
ကျောက်မဲမြို့နယ် ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ ခဲ့သည်ဟု သိရသည်။
.
.၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ကိုယ်စားပြု၍
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်မြေတွင်
ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်သူအများ ရွေးကောက်တင်မြှောက်ခံရသော ဦးထိုက်ဇော်သည်
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၁ ရက်၊ ညနေ ၆ နာရီခန့်က ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊
ပင်တိန်ကျေးရွာအုပ်စုရှိ ၎င်း၏နေအိမ်တွင် အကြမ်းဖက် မသမာသူတို့၏ ပစ်ခတ်မှုကြောင့် ကွယ်လွန်သွားသည်ဟု
ကြားသိရသည့်အတွက် ဦးထိုက်ဇော်၏ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် ထပ်တူထပ်မျှ
မြို့နယ်တအာင်း(ပလောင်)အမျိုးသားပါတီ (TNP) မှ
ဝမ်းနည်းကြေကွဲရ ပါကြောင်း ယင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။
.
ဦးထိုက်ဇော်သည် ၂၀၂၀ ရွေးကောက်ပွဲတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုအဖြစ် အမျိုးသား လွှတ်တော်
ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်
ရရှိထားသူ ဖြစ်သည်။
.
သေဆုံးသူ ဦးထိုက်ဇော်၏ ဈာပနကို ယနေ့ နိုဝင်ဘာလ
၂၂ ရက်၊ နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်
ဝန်ကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း
သိရသည်။
.