ရှမ်းပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီး တောင်ကြီးတက္ကသိုလ် ဆရာ/ဆရာမများသမဂ္ဂအဖွဲ့နှင့် တွေ့ဆုံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, November 21, 2020

ရှမ်းပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီး တောင်ကြီးတက္ကသိုလ် ဆရာ/ဆရာမများသမဂ္ဂအဖွဲ့နှင့် တွေ့ဆုံ

စိုင်းအောင်မြတ် (တောင်ကြီး)

.

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်သည် နိုဝင်ဘာလ ၂၀ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးတက္ကသိုလ် ဆရာ/ဆရာမများသမဂ္ဂရုံးခန်းတွင် သမဂ္ဂအဖွဲ့ဝင်ဆရာ/ဆရာမများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

.


.

တွေ့ဆုံပွဲတွင် တောင်ကြီးတက္ကသိုလ် ဆရာ/ဆရာမများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာဦးသန်းတင်က တွေ့ဆုံပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က အမှာစကား ပြောကြားခဲ့သည်။

.

ထို့နောက် တက်ရောက်လာသူများက တောင်ကြီးတက္ကသိုလ် သာယာလှပရေး၊ e-Library အဆင့်မြှင့်တင်ရေး၊ ကျောင်းတွင်း အင်တာနက်လိုင်း အဆင့်မြှင့်တင်ရေး၊ မြို့တောင်ဘက် အဝင်လမ်းရှိ ကျောင်းပိုင်မြေနေရာ ပြန်လည် ရရှိရေးတို့ကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီး၊ တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းအိ၊ ဆရာ/ဆရာမများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာ ဦးသန်းတင်နှင့် တာဝန်ရှိသူများက ကျောင်းပိုင်မြေနေရာ အခြေအနေကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

.

အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ တောင်ကြီး တက္ကသိုလ် ဆရာ/ဆရာမများသမဂ္ဂဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ သင်တန်းရေးရာဌာနမှူး ဒေါ်ဝေဝေနိုင်၊ ဘာသာရပ်ဆိုင်ရာ ဌာနအသီးသီးမှ ဆရာ/ဆရာမ ကိုယ်စားလှယ်များ၊ တောင်ကြီးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About