ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့မဈေးအတွင်း ယနေ့ နိုဝင်ဘာလ ၃၀ ရက်က
COVID-19 ရောဂါ ပိုးတွေ့လူနာ တွေ့ရှိခဲ့သည့်အတွက် ဈေးကို ၁၄ ရက်ခန့်
ယာယီပိတ်သွားမည်ဖြစ်သည်ဟု သိရသည်။
.
.“မြို့မဈေးက ပိတ်မှာပါ။ K ရုံက
ဆိုင်ခန်းတစ်ခန်းမှာ အထည်ရောင်းတဲ့ အလုပ်သမားက Positive ဖြစ်တဲ့အတွက်ပါ။
ဒီနေ့ (နိုဝင်ဘာလ ၃၀ ရက်) ကစပြီး ၁၄ ရက်လောက် ပိတ်မှာပါ။ ဖွင့်မယ့်ရက်ကိုတော့ လူကြီးတွေ
မပြောသေးဘူး။ မြို့မဈေးကြီးပဲ ပိတ်မှာပါ။ ညဈေး ဖွင့်ပါမယ်” ဟု တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ
မြို့မဈေး တာဝန်ခံ ဦးခင်အေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့မဈေး အတွင်း၌ ဈေးရုံပေါင်း ၁၉
ရုံ၊ ဆိုင်ခန်းပေါင်း ၁၈၆၈ ခန်း ရှိပြီး မြို့မဈေးသည် မြို့တော် တောင်ကြီး၏ အထင်ကရ
နေရာ တစ်ခု ဖြစ်ကာ တောင်ကြီးမြို့တွင် မြို့မဈေး အပြင် အမှတ်(၅) ဈေး ၊
စဝ်စံထွန်းဈေး၊ ရဲဘော်ဈေးတို့ တည်ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်အထိ
COVID-19 ရောဂါ ပိုးတွေ့လူနာ ၄၁၂ ဦး ရှိပြီး ၂၆၃ ဦးမှာ ဆေးရုံဆင်းခွင့်ရပြီဖြစ်ကာ
သေဆုံးသူ ၂ ဦး ရှိကြောင်း သိရသည်။
.