ကိုစိုး (ကမ္ဘောဇတိုင်း)
.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ
(၁၁) မြို့ရှောင်လမ်းသွယ်ရှိ နေအိမ်တစ်လုံးတွင် ယနေ့ နိုဝင်ဘာလ ၁၇ ရက်၊ ညနေပိုင်းက
ယမ်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၁၁) မြို့ရှောင်လမ်းသွယ်ရှိ
ဦးစည်သူအောင်၏ နေအိမ်တွင် မီးပုံးပျံယမ်း ပြုလုပ်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ
ဦးစည်သူအောင်နှင့် ဇနီး မဖူးပွင့်ဇော် (ကိုယ်ဝန်ဆောင်) တို့ ၂ ဦးတွင် ယမ်းလောင်ဒဏ်ရာ
ရရှိသဖြင့် စဝ်စံထွန်းဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
.
အဆိုပါ ယမ်းမီးလောင်မှုနှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းတွင်
စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်၊
.
No comments:
Post a Comment