တောင်ကြီးမြို့တွင် ပေါက်ကွဲသံ ၂ ချက် ထွက်ပေါ်ခဲ့မှုနှင့် ပတ်သက်၍ ၂၄ နာရီ ကြာသည်အထိ အကြောင်းအရင်း မသိရသေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, November 3, 2020

တောင်ကြီးမြို့တွင် ပေါက်ကွဲသံ ၂ ချက် ထွက်ပေါ်ခဲ့မှုနှင့် ပတ်သက်၍ ၂၄ နာရီ ကြာသည်အထိ အကြောင်းအရင်း မသိရသေး

ကမ္ဘောဇတိုင်း

.

မြို့တော်တောင်ကြီးတွင် ယမန်နေ့ နိုဝင်ဘာလ ၂ ရက်၊ ညနေပိုင်းက ပြင်းထန်သော ပေါက်ကွဲသံ ၂ ချက် ထွက်ပေါ်ခဲ့မှုနှင့်ပတ်သက်၍ ၂၄ နာရီကြာသည်အထိ ပေါက်ကွဲရသည့် အကြောင်းရင်းကို မသိရှိရသေးကြောင်း သိရသည်။

.


.

“ကျွန်တော်တို့ စုံစမ်းတုန်းပါပဲ။ ဘာမှမသိရသေးပါဘူး” ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ဝင်းသန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

နိုဝင်ဘာလ ၂ ရက်၊ ညနေ ၆ နာရီခွဲခန့်က တောင်ကြီးမြို့ပေါ်တွင် အမည်မသိ  ပေါက်ကွဲသံ ၂ ချက် ထွက်ပေါ် ခဲ့ခြင်းဖြစ်ပြီး အဆိုပါပေါက်ကွဲမှုနှင့် ဆက်စပ်သည်ဟု ယူဆရသော တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၈)၊ မြို့ရှောင်လမ်းရှိ ဆက်သွယ်ရေးကုန်း နေရာအား တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက ယနေ့ နိုဝင်ဘာလ ၃ ရက်၊ ညနေပိုင်းတွင် ရှာဖွေရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက လာရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

.

“ညနေပိုင်း ၆ နာရီကျော်လောက်ပေါ့  အသံအကျယ်ကြီး ၂ ချက်ကြားလိုက်ရတယ်။ အနီးအနားမှာရှိတဲ့ အိမ်တွေတောင် ခါသွားကြတယ်” ဟု ဆက်သွယ်ရေးကုန်းအနီး နေထိုင်သူတစ်ဦးက ပြောသည်။

.

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းကလည်း တောင်ကြီးမြို့၊ မြို့မရဲစခန်းတိုက်တန်း အနီးတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ဖူးပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ဖူးကြောင်း သိရသည်။

.


No comments:

Post a Comment

Journal Download

Photo of three cats

About