စုလှိုင်
.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ
(၇) မုံတဝလမ်းတွင် ယနေ့ နိုဝင်ဘာလ ၂ ရက်၊ နံနက်ပိုင်းက အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.“နေ့လယ် ၁၂ နာရီလောက်က ရာအိမ်မှူး အကြောင်းကြားလာတော့
ကျွန်တော်ရယ်၊ နယ်ထိန်း ရယ်၊ အမှတ် (၁) စခန်းက တာဝန်ရှိသူတွေရယ် သွားကြည့်တယ်။ သေဆုံးသူက
အရက်သောက်တတ်တယ်လို့ သိရတယ်။ အရက်ပုလင်း တွေလည်း တွေ့ရတယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာတော့
မသိသေးပါဘူး။ သူ့အမျိုးသမီးလည်း မတွေ့ခဲ့ဘူး” ဟု ကျောင်းကြီးစုရပ်ကွက် အုပ်ချုပ်ရေးမှူး
ဦးထွန်းမြင့်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။၏
.
သေဆုံးသူမှာ အသက် ၃၀ အရွယ်ခန့်ရှိ မောင်လှဆိုသူဖြစ်ပြီး
အိမ်ငှားနေထိုင်သူဖြစ်ကာ သေဆုံးသူ၏ ရုပ်အလောင်း အား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့
ပို့ဆောင်ခဲ့ကြောင်း ၎င်းထံက သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းမှူး
ဒုရဲမှူး ထက်နိုင်ဟိန်းအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်း ရာတွင် ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားသည်မှာ
မှန်ကန်ကြောင်းနှင့် စစ်ဆေးဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
No comments:
Post a Comment