မင်းဇော်မင်း
.
တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းမွန်-မယ်ဟန် (မယ်ယန်းစစ်ဆေးရေးဂိတ်)
တွင် နိုဝင်ဘာလ ၁၇ ရက်က တရားမဝင် ခိုးဝင်လာသည့် တရုတ်နိုင်ငံသား ၈ ဦးနှင့် ပို့ဆောင်
ပေးသူ မြန်မာနိုင်ငံသား ၄ ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
![]() |
ဓါတ်ပုံ - ဇင်လတ် (တာချီလိတ်) |
.
ပူးပေါင်းအဖွဲ့သည် သတင်းအရ နိုဝင်ဘာ ၁၇ ရက်
နံနက် ၈ နာရီခန့်က မယ်ယန်းစစ်ဆေးရေးဂိတ်ကွင်းရှောင်လမ်း၌
ပိတ်ဆို့ရှာဖွေရေးပြုလုပ်နေစဉ် ကျိုင်းလပ်မြို့နေ ယာဉ်မောင်း အိုက်ငင်း နှင့်ယာဉ်နောက်လိုက်
အိုက်ကြွယ်တို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင်
တရုတ်နိုင်ငံသား ၆ ဦး ကိုလည်းကောင်း၊
ကျိုင်းလပ်မြို့နေ အိုက်ဆော့ မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်တွင်
တရုတ်နိုင်ငံသား ၁ ဦးနှင့်
ယာဉ်မောင်းအိုက်ငင်း မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ တရုတ်နိုင်ငံသူ ၁ ဦးကိုလည်းလည်းကောင်း
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၈ ဦး
တို့သည် လူမှုကွန်ရက်တွင်တွေ့ရှိသည့် တာချီလိတ်မှ အလုပ်ခေါ် စာအရ တရုတ်နိုင်ငံ
ဆစ်ဆောင်ပန်းနားမြို့မှ မော်တော်ယာဉ်ဖြင့်လည်းကောင်း၊ တောလမ်းမှလည်းကောင်း၊
မဲခေါင်မြစ် အတိုင်း သင်္ဘောစီး၍လည်းကောင်း ကျိုင်းလပ်မြို့၊ ပါလျိုးရွာ၊
ရေဆိပ်ကမ်းသို့ ရောက်ရှိလာကြခြင်းဖြစ်ပြီး ယင်းရေဆိပ်မှတစ်ဆင့် တာချီလိတ်မြို့သို့
ပို့ဆောင်ခ ယွမ် ၅၀၀ စီဖြင့် ကားငှားရမ်းပို့ဆောင်စေခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
.
ယင်းကဲ့သို့ မြန်မာနိုင်ငံအတွင်းသို့
ခိုးဝင်လာသည့် တရုတ်နိုင်ငံသူ/နိုင်ငံသား ၈ ဦးတို့အား ၁၉၄၇ ခုနှစ်၊ လူဝင်မှု ကြီးကြပ်
ရေး(လတ်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေပုဒ်မ ၃(၁)ကျူး၊ ၁၃(၁) တို့ဖြင့်လည်းကောင်း၊ ၎င်းတို့အား
အခကြေးငွေဖြင့် ပို့ဆောင်ပေးသူ ယာဉ်မောင်း ၃ ဦး၊ ယာဉ်နောက်လိုက် ၁ ဦးတို့အား
အဆိုပါဥပဒေပုဒ်မ ၁၃(၅) ဖြင့်လည်းကောင်းအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.