မင်းဇော်မင်း
.
တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်တွင် နိုဝင်ဘာလ ၂၆ ရက်၊
ညနေပိုင်းက အရှိန်မထိန်းနိုင်သော မော်တော်ယာဉ်မှ ခြေလျင် လမ်းလျှောက်လာသူ ၂ ဦး အား
ဝင်ရောက်တိုက်မိပြီး ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
.ပါဆပ်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးသွား လမ်းပေါ်တွင်
နိုဝင်ဘာလ ၂၆ ရက်၊ ညနေ ၆ နာရီအချိန်ခန့်က နန်းဖောင်ခမ်း မောင်းနှင်ပြီး မနန်းကျောက်ခမ်း
စီးနင်းလာသော အဖြူရောင် မော်တော်ယာဉ် အခင်းဖြစ်နေရာ အရောက်တွင် အရှိန် မထိန်းနိုင်ဘဲ
ပါဆပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘက်မှ ဗိုလ်ချုပ်လမ်းမကြီးဘက်သို့ ခြေလျင် လမ်းလျှောက်
လာသူ ဦးစိုးဝင်းနှင့် မြေးဖြစ်သူ မဇင်ဝေနှင်းတို့အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ယာဉ်တိုက်မှုကြောင့် ဦးစိုးဝင်းတွင်
ယာလက်ကောက်ဝက်နာကျင် ဒဏ်ရာ၊ ဝဲဘက်တင်ပါး ပွန်းဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ပြီး အသက် ၄
နှစ်အရွယ် မဇင်ဝေနှင်းတွင် ဦးခေါင်းနောက်စေ့ ယာဘက်ပေါက်ပြဲ၊ ယာနား၊ နှာခေါင်း၊ ပါးစပ် အတွင်း သွေးထွက်၊
ယာပုခုံးကျိုးစုတ်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ
နန်းဖောင်ခမ်းအား ဟောင်လိတ်နယ်မြေ ရဲစခန်းတွင် ယာဉ် (ပ) ၉/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ
၂၇၉/၂၂၇/၂၀၄-က တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment