တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက် Stay at Home နေ ပြည်သူများအတွက် ဈေးဝယ်ခွင့် ကတ်များ ထုတ်ပေးထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက် Stay at Home နေ ပြည်သူများအတွက် ဈေးဝယ်ခွင့် ကတ်များ ထုတ်ပေးထား

တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်ရှိ နယ်မြေနှင့် လမ်းအချို့ကို မိမိ နေအိမ်တွင် နေထိုင်ရန် (Stay at Home) အမိန့်ကို ထုတ်ပြန်ထားသော်လည်း ပြည်သူများ အဆင်ပြေစေရန်အတွက် တစ်အိမ်လျင် ဈေးဝယ်ခွင့် တစ်ကတ်စီ ထုတ်ပေးထားကြောင်း သိရသည်။

.

“ အခု လက်တလောတော့ အဆင်ပြေပါတယ်။ Stay at Home ဆိုပေမယ့် အပြင်ထွက်ဖို့ အိမ်ထောင်စု တစ်ခုကို ကတ် တစ်ကတ်စီ ထုတ် ပေးထားတော့ အဆင်ပြေကြမှာပါ။ စားဝတ်နေရေးအတွက်တော့ လောလောဆယ် စီစဉ် ပေးထားတာ မရှိသေးပါဘူး။ လိုအပ်ရင် စီစဉ်ပေးမှာပါ။” ဟု တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက် အုပ်ချုပ်ရေးမှူး ခွန်ထွန်းဝေ က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.


 

မင်္ဂလာဦးရပ်ကွက် အတွင်းရှိ အရှေ့ဘက်တွင် မေတ္တာလမ်းနှင့် ယုဇနလမ်းထောင့်မှ မင်္ဂလာလမ်းနှင့် ယုဇနလမ်းထောင့်အထိ၊ မြောက်ဘက်တွင် ယုဇနလမ်းနှင့် မေတ္တာလမ်းထောင့်မှ ဇောတိကလမ်းနှင့် မေတ္တာလမ်းအထိ၊ အနောက်ဘက်တွင် ဇောတိကလမ်းနှင့် မေတ္တာလမ်းထောင့်မှ ဇောတိကလမ်းနှင့် စန္ဒာလမ်းထောင့်ထိ၊ တောင်ဘက်တွင် ဇောတိကလမ်းနှင့် စန္ဒာလမ်းထောင့်မှ စန္ဒာလမ်းထောင့်နှင့် သီရိမင်္ဂလာလမ်းထောင့်၊ သီရိမင်္ဂလာလမ်းနှင့် မင်္ဂလာလမ်းထောင့်မှ မင်္ဂလာလမ်းနှင့် ယုဇနလမ်းထောင့်အထိ လည်းကောင်း၊ မင်္ဂလာလမ်းထောင့်နှင့် ရန်ကြီးအောင် လမ်းထောင့်မှ ဗိုလ်တစ်ထောင်လမ်းနှင့် ရန်ကြီးအောင် လမ်းအတွင်းတွင် လည်းကောင်း စသည့် ပရဝုဏ်အတွင်း၌ နိုဝင်ဘာလ ၂၉ ရက်၊ နံနက် ၆ နာရီမှ ဒီဇင်ဘာလ ၁၃ ရက်ထိ မိမိ နေအိမ်တွင် နေထိုင်ရန် (Stay at Home) အမိန့်ကို တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

.

တောင်ကြီးမြို့နယ် အတွင်း၌ COVID-19 ဓါတ်ခွဲ အတည်ပြုလူနာများ ထပ်မံ တွေ့ရှိရမှု၊ ခရီးသွား ရာဇဝင် မရှိသည့်အပြင် ဓါတ်ခွဲ အတည်ပြုလူနာများလည်း ထိတွေ့ခြင်း မရှိခဲ့သည့် လူနာများ တွေ့ရှိရမှု အချိန်တိုကာလအတွင်း များပြားလာသဖြင့် ရောဂါကူးစက်မှုကို ပိုမို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် မင်္ဂလာဦးရပ်ကွက်အတွင်းရှိ နယ်မြေနှင့် လမ်းအချို့ကို မိမိ နေအိမ်တွင် နေထိုင်ရန် (Stay at Home) အမိန့်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats