ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအား Stay at Home ကာလ ၁၄ ရက် တိုးမြှင့်သတ်မှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, November 25, 2020

ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအား Stay at Home ကာလ ၁၄ ရက် တိုးမြှင့်သတ်မှတ်

စုလှိုင်

.

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအား နိုဝင်ဘာလ ၂၅ ရက်မှ စတင်၍ မိမိအိမ်အတွင်း နေထိုင်ရန် (Stay at Home) ကာလ ၁၄ ရက် ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက နိုဝင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။

.

.

“၁၄ ရက် ထပ်တိုးတာ ဟုတ်ပါတယ်။ စားဝတ်နေရေးကတော့ မြို့နယ်ကနေလည်း စီစဉ်ပေးထားတယ်။ သွားရောက် လှူဒါန်းပေးထားတာလည်း ရှိတယ်။ သူတို့ကော်မတီကလည်း အလှူငွေနဲ့ လည်ပတ်နေကြတယ်။ ထောက်ပံ့ရေးတွေနဲ့ လာလှူတာနဲ့ စားဝတ်နေရေး အဆင်ပြေပါတယ်။ အခက်အခဲ အနည်းအကျဉ်းတော့ ရှိနေတုန်းပဲ။ လည်ပတ်နိုင်အောင် စီစဉ်ထားပေးပါတယ်။ စားသောက်ရေးကတော့ ဈေးထွက်မဝယ်ရတော့ တောင်ပေါ်သီးနှံတွေ လာပို့ပေးတော့ အဆင်ပြေပါတယ်” ဟု ရွာငံမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာခွန်ဝင်းလတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

လက်ရှိတွင် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာတွင် COVID-19 ပိုးတွေ့လူနာ ၂၅ ဦးရှိနေပြီး  Quarantine Center များတွင် ဝင်ရောက်နေသူ ၅၇ ဦး အထိ ရှိနေသဖြင့် ၎င်းတို့နှင့် ထိတွေ့သူများ တိုးပွားလာနိုင်သောကြောင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် Stay Home အစီအစဉ်ကို ထပ်မံတိုးမြှင့်ရခြင်းဖြစ်ကြောင်း သိရသည်။

.

ရွာငံမြို့နယ်သည် ရှမ်းပြည်တောင်ပိုင်း မြေလတ်ဒေသ၏ မြောက်ဘက်အကျဆုံး မြို့နယ်တစ်ခုဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီးမှ ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းသို့ ဝင်ထွက်သွားလာရာ လမ်းပေါ်တွင် တည်ရှိနေကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats