မိုင်းဖြတ်တွင် ပြည်သူ့စစ် တပ်ဖွဲ့ဝင်က SNLD လွှတ်တော်ကိုယ်စားလှယ်လောင်းအား ဆက်သွယ်ရေးပုဒ်မ ဖြင့် အမှုဖွင့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, November 14, 2020

မိုင်းဖြတ်တွင် ပြည်သူ့စစ် တပ်ဖွဲ့ဝင်က SNLD လွှတ်တော်ကိုယ်စားလှယ်လောင်းအား ဆက်သွယ်ရေးပုဒ်မ ဖြင့် အမှုဖွင့်

စိုင်းသိင်္ခသူ

.

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်၊ မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တွင် ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံခဲ့သည့် SNLD ပါတီမှ ဦးကျဖေ့ကို မိုင်း​​ဖြတ်မြို့ နမ့်ယွန်းပြည်သူ့စစ် တပ်ဖွဲ့ဝင် တစ်ဦးက နိုဝင်ဘာ၁၂ ရက်တွင် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

.

ယင်းကဲ့သို့ တိုင်ကြားထားမှုနှင့် ပတ်သက်၍ ဦးကျဖေ့အား ဆက်သွယ် မေးမြန်းရာတွင် “ ဦးရဲမင်းထွန်းကို ပြည်သူ့စစ်လို့ ကျွန်တော် မသိဘူး၊ ဦးတင်ကိုကိုကတော့ မဲပေးတဲ့ နေ့မှာ သူကိုယ်တိုင် လူ ပို့တာ မဲပုံးတွေ သယ်တာ လုပ်တယ်၊ သူက ပြည်ခိုင်ဖြိုး အမှုဆောင် ဖြစ်သလို ပြည်သူ့စစ်ခေါင်းဆောင်လည်း ဖြစ်တယ်။ ကျွန်တော်ကလည်း အမှု ပြန်ဖွင့်မယ်။”ဟု ပြောသည်။

.


ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) မှ  ၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်အရွေးချယ်ခံခဲ့သူ မိုင်းဖြတ်မြို့ဟိုနားကျေးရွာနေ ဦးကျဖေ့မှ ၎င်း အသုံးပြုလျက်ရှိသော Kya Phaet အမည်ပါ Facebook Account ဖြင့် နမ့်ယွန်း ပြည်သူ့စစ်အဖွဲ့၏ ဂုဏ်သိက္ခာ ကျဆင်းစေရန်၊ အခြားသော နိုင်ငံရေးပါတီများနှင့် ပြည်သူအများ အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် အချို့ပါတီက မဲဆန္ဒရှင်ကို ငါတို့ ပါတီကို မဲပေးရမည် ဆိုပြီး ကျေးရွာ တစ်ရွာပြီး တစ်ရွာ ကား အကြိုအပို့ လုပ်နေပါတယ်၊ အထူးသဖြင့် ကား အကြိုအပို့ လုပ်သည့် နေရာမှာ ပြည်သူ့စစ်အဖွဲ့ ဦးဆောင်ပြီး ဆောင်ရွက် နေတာတွေ မြင်ရပါတယ်၊ မဲဆန္ဒရှင်ကို ကားဖြင့် အကြိုအပို့ လုပ်ဆောင်နေတာ ပြည်သူ့စစ်‌ခေါင်းဆောင်တွေ ဖြစ်ပါတယ်” ဟု ရေးသား ဖော်ပြထားသဖြင့် နမ့်ယွန်းပြည်သူ့စစ် တပ်ဖွဲ့ဝင် ဦးရဲမင်းထွန်းက ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ SNLD ပါတီမှ ဦးကျဖေ့အား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၃၇/၂၀၂၀၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About