ရှမ်းပြည်နယ်တွင် SNLD ၉ နေရာ၊ USDP ၃ နေရာ၊ NLD ၃ နေရာ အနိုင်ရထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, November 9, 2020

ရှမ်းပြည်နယ်တွင် SNLD ၉ နေရာ၊ USDP ၃ နေရာ၊ NLD ၃ နေရာ အနိုင်ရထား

ကမ္ဘောဇတိုင်း

.

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်အဖြစ် ယခု နိုဝင်ဘာလ ၉ ရက်၊ နေ့လယ် ၁၂ နာရီထိ ရှမ်းပြည်နယ်အတွင်း၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ၉ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(USDP) မှ ၃ နေရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ၃ နေရာ အနိုင် ရရှိထားကြောင်း  သိရသည်။

.

.

SNLD မှ အနိုင် ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် မိုင်းရယ်မြို့နယ်မဲဆန္ဒနယ်မှ စိုင်းသီဟကျော်၊ လဲချားမြို့နယ် မဲဆန္ဒနယ်မှ စိုင်းဥက္ကာ၊ ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်မှ နန်းခင်စော၊ ရှမ်းပြည်နယ်လွှတ်တော် မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ စိုင်းဆေးအွမ်မိုင်း၊ မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ စိုင်းမြင့်ထူး၊ လဲချားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ စိုင်းဥက္ကာ၊ လဲချားမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ စိုင်းသူရိန်ဦး၊ ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ စိုင်းစံထွန်း၊ ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ စိုင်းအောင်ကျော်ဦးတို့ ဖြစ်ကြောင်း သိရသည်။

.

USDP မှ အနိုင် ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် မိုင်းခတ်မြို့နယ်မဲဆန္ဒနယ်မှ စိုင်းဝန်းဆမ်၊ ရှမ်းပြည်နယ်လွှတ်တော် မိုင်းခတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဂျာကျိုးနှင့် ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ (၁) မှ ဦးအာကာလင်းတို့ ဖြစ်ကြောင်း သိရသည်။

.

NLD မှ အနိုင် ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် ပင်းတယမြို့နယ်မဲဆန္ဒနယ်မှ ဦးစိုးမြင့်၊ ရှမ်းပြည်နယ်လွှတ်တော် မိုင်းခတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဂျေဒူနှင့် ပင်းနယမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးထွန်းထွန်းနိုင်တို့ ဖြစ်ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၅၅ မြို့နယ်အနက် ၄၉ မြို့နယ်တွင် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ကျန် မဲဆန္ဒနယ်များအတွက် ရလဒ်များကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးတွင် ဆက်လက် စိစစ်မှုများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။

.

အထက်ပါ အချက်အလက်များအား ပြင်ပသတင်းရင်းမြစ်များမှ ရယူထားခြင်းဖြစ်ပြီး ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တရားဝင် အတည်ပြုထုတ်ပြန်ခြင်းမရှိသေးချေ။

.

https://www.kanbawzatainews.com/2020/11/Shan-result.html

.

No comments:

Post a Comment

Journal Download

Photo of three cats

About