ကမ္ဘောဇတိုင်း
.
၂၀၂၀ ပြည့်နှစ် ပါတီစုံ
ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်အဖြစ် ယခု နိုဝင်ဘာလ ၉ ရက်၊ ညနေ ၄ နာရီထိ
ရှမ်းပြည်နယ်အတွင်း၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ၄ နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)မှ ၃
နေရာ၊ တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) မှ ၃ နေရာ၊ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ၅ နေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ (USDP) မှ ၂ နေရာ ထပ်မံ အနိုင်
ရရှိထားကြောင်း သိရသည်။
.
.SNLD မှ ထပ်မံအနိုင် ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့်
ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် လင်းခေးမြို့နယ် မဲဆန္ဒနယ် မှ စိုင်းအောင်ခင်၊
ရှမ်းပြည်နယ်လွှတ်တော် လင်းခေးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ နန်းခမ်း၊ လင်းခေးမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂) မှ စိုင်းကျော်စိန်၊ မူဆယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ စိုင်းကျော်သိန်း
တို့ဖြစ်ကြောင်း သိရသည်။
.
PNO မှ အနိုင် ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့်
ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် ပင်လောင်းမြို့နယ်မဲဆန္ဒနယ်မှ ခွန်လှဆန်း၊ ရှမ်းပြည်နယ်လွှတ်တော်
ပင်လောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ခွန်စိုးမိုးကျော်နှင့် ပင်လောင်းမြို့နယ်
မဲဆန္ဒနယ် အမှတ် (၂) မှ ခွန်ဖိုးစိန် တို့ဖြစ်ကြောင်း သိရသည်။
.
TNP အနိုင်ရရှိသည့် မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်များမှာ
ပြည်သူ့လွှတ်တော် နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်မှ ဦးထွန်းကျော်၊ ရှမ်းပြည်နယ်လွှတ်တော်
နမ့်ခမ်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ဦးအေးမောင်၊ နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်
(၂)မှ ဒေါ်အိုင်စောစိန်တို့ဖြစ်ကြောင်း သိရသည်။
.
NLD မှ ထပ်မံ အနိုင် ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့်
ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် ကလောမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်ပြုံးကေသီနိုင်၊
လားရှိုးမြိုန့ယ် မဲဆန္ဒနယ်မှ စိုင်းရင်ထွန်း၊ ရှမ်းပြည်နယ်လွှတ်တော် လားရှိုးမြို့နယ်
မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာလင်းထွဋ်နှင့် လားရှိုးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)
မှ ဒေါ်ရီရီမင်း တို့ဖြစ်ကြောင်း သိရသည်။
.
USDP မှ ထပ်မံအနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်များမှာ
ပြည်သူ့လွှတ်တော် မောက်မယ်မြို့နယ် မဲဆန္ဒနယ်မှ စိုင်းငေါင်းဆိုင်ဟိန်းနှင့် မိုင်းဖြတ်မြို့နယ်မဲဆန္ဒနယ်မှ
ဦးလင်းဇော်ထွန်း တို့ ဖြစ်ကြောင်း သိရသည်။
.
ယနေ့ ညနေ ၄ နာရီအချိန်အထိ ကမ္ဘောဇတိုင်းမှ
စုံစမ်းရရှိထားသော ရလဒ်များအရ SNLD က ၁၉ နေရာ၊ NLD က ၁၀ နေရာ၊ USDP က ၅ နေရာ၊ PNO က ၆ နေရာနှင့် TNP က ၃ နေရာ အနိုင်ရရှိထားပြီးဖြစ်ကာ
ကျန် မဲဆန္ဒနယ်များ အတွက် ရလဒ်များကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
အသီးသီးတွင် ဆက်လက် စိစစ်မှုများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။
.
အထက်ပါ အချက်အလက်များအား
ပြင်ပသတင်းရင်းမြစ်များမှ ရယူထားခြင်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်မှ တရားဝင် အတည်ပြုထုတ်ပြန်ခြင်းမရှိသေးချေ။
.
https://www.kanbawzatainews.com/2020/11/Shan-result.html
.