ကမ္ဘောဇတိုင်း
.
၂၀၂၀ ပြည့်နှစ် ပါတီစုံ
ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်အဖြစ် ယခု နိုဝင်ဘာလ ၉ ရက်၊ နေ့လယ် ၂ နာရီထိ
ရှမ်းပြည်နယ်အတွင်း၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ၆ နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)မှ ၃
နေရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ၃ နေရာ ထပ်မံ
အနိုင် ရရှိထားကြောင်း သိရသည်။
.
.SNLD မှ ထပ်မံအနိုင် ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့်
ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် ကျောက်မဲမြို့နယ် မဲဆန္ဒနယ်မှ စိုင်းအောင်မြင့်
(ခ) စိုင်းကူး၊ သီပေါမြို့နယ်မဲဆန္ဒနယ်မှ နန်းစမ်းစမ်းအေး၊ ရှမ်းပြည်နယ်လွှတ်တော် ကျောက်မဲမြို့နယ်မဲဆန္ဒနယ်အမှတ်
(၁) မှ နန်းအိမွန်အောင်၊ ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ စိုင်းထွန်းဉာဏ်၊
သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ နန်းဥမ္မာ (ခ) နန်းမွန်းမွန်းပေါင်း၊ သီပေါမြို့နယ်မဲဆန္ဒနယ်
အမှတ် (၂)မှ စိုင်းလောင်ပိန်းတို့ဖြစ်ကြောင်း သိရသည်။
.
PNO မှ အနိုင် ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့်
ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် ဆီဆိုင်မြို့နယ်မဲဆန္ဒနယ်မှ ခွန်ထိုင်း၊ ရှမ်းပြည်နယ်လွှတ်တော်
ဆီဆိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝင်းမင်းသိန်းနှင့် ဆီဆိုင်မြို့နယ် မဲဆန္ဒနယ်
အမှတ် (၂) မှ ခွန်သန်းထူး တို့ဖြစ်ကြောင်း သိရသည်။
.
NLD မှ ထပ်မံ အနိုင် ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့်
ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ်မှ စိုင်းထွန်းအောင်၊
ရှမ်းပြည်နယ်လွှတ်တော် မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အိုက်ခမ်းလှိုင်နှင့်
မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ စိုင်းရှဲန်တစ်လုံ တို့ဖြစ်ကြောင်း
သိရသည်။
.
ယနေ့ နေ့လယ် ၂ နာရီအချိန်အထိ ကမ္ဘောဇတိုင်းမှ စုံစမ်းရရှိထားသော
ရလဒ်များအရ SNLD က ၁၅ နေရာ၊ NLD က ၆ နေရာ၊
USDP က ၃ နေရာနှင့် PNO က ၃ နေရာ အနိုင်ရရှိထားပြီးဖြစ်ကာ
ကျန် မဲဆန္ဒနယ်များအတွက် ရလဒ်များကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
အသီးသီးတွင် ဆက်လက် စိစစ်မှုများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။
.
အထက်ပါ
အချက်အလက်များအား ပြင်ပသတင်းရင်းမြစ်များမှ ရယူထားခြင်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်မှ တရားဝင် အတည်ပြုထုတ်ပြန်ခြင်းမရှိသေးချေ။
.
#KBZTai #ShanElection #Result
.
https://www.kanbawzatainews.com/2020/11/Shan-result.html
.
No comments:
Post a Comment