ကမ္ဘောဇတိုင်း
.
၂၀၂၀ ပြည့်နှစ် ပါတီစုံ
ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်အဖြစ် ယခု နိုဝင်ဘာလ ၉ ရက်၊ ညနေ ၆ နာရီအထိ
ရှမ်းပြည်နယ်အတွင်း၌ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)
မှ ၁၂ နေရာ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ ၁၇ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ (USDP) မှ ၆ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
(SNDP) မှ ၁ နေရာနှင့် “ဝ” အမျိုးသား ပါတီမှ ၁ နေရာ ထပ်မံအနိုင်ရရှိ
ထားကြောင်း သိရသည်။
.
.SNLD မှ ထပ်မံအနိုင် ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့်
ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် သိန္နီမြို့နယ်မဲဆန္ဒနယ်မှ စိုင်းကျော်မိုး၊
တန့်ယန်းမြို့နယ်မဲဆန္ဒနယ်မှ စိုင်းဖိုးဟန်၊ မိုးနဲမြို့နယ်မဲဆန္ဒနယ်မှ နန်းရွှေညွန့်၊
ကျေးသီးမြို့နယ် မဲဆန္ဒနယ်မှ စိုင်းအောင်ကျော်၊ ရှမ်းပြည်နယ်လွှတ်တော် မောက်မယ်မြို့နယ်မဲဆန္ဒနယ်အမှတ်
(၁) မှ နန်းဖွေးဟွမ်ဦး၊ သိန္နီမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ နန်းခင်ထားရီ၊ သိန္နီမြို့နယ်မဲဆန္ဒနယ်အမှတ်
(၂) မှ စိုင်းပွမ်ဝမ်း၊ တန့်ယန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ စိုင်းခမ်းမြတ်၊ မိုးနဲမြို့နယ်မဲဆန္ဒနယ်အမှတ်
(၁) မှ စိုင်းမွန်းလိန်၊ မိုးနဲမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ စိုင်းဝင်းနိုင်၊ ကျေးသီးမြို့နယ်မဲဆန္ဒနယ်အမှတ်
(၁) မှ စိုင်းစံမိန်း၊ ကျေးသီးမြိုန့ယ်မဲဆန္ဒနယ်အမှတ် (၂) မှ စိုင်းခမ်းပိုင်ဖ တို့ဖြစ်ကြောင်း
သိရသည်။
.
NLD မှ ထပ်မံ အနိုင် ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် နောင်ချိုမြို့နယ်မဲဆန္ဒနယ်မှ ဦးထွန်းထွန်းဟိန်၊ ရွာငံမြို့နယ်မဲဆန္ဒနယ်မှ ဦးအောင်စိုးမင်း၊ ညောင်ရွှေမြိုန့ယ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့်ဦး၊ ဖယ်ခုံမြို့နယ် မဲဆန္ဒနယ်မှ ဦးပီတာအောင်၊ ကျိုင်းတုံမြို့နယ်မဲဆန္ဒနယ်မှ စိုင်းဝန်း၊ ရှမ်းပြည်နယ်လွှတ်တော် ကလောမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးဇော်မင်းလတ်၊ ကလောမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးသန်းထိုက်၊ နောင်ချိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးအောင်မြင့်ထွန်း၊ နောင်ချိုမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဒေါက်တာညီညီအောင်၊ ရွာငံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ဦးအေးမင်းစိုး၊ ရွာငံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ စိုင်းဝဏ္ဏ၊ ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးခင်မောင်ဝင်း၊ ညောင်ရွှေမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးသိန်းဇော်မိုး၊ ဖယ်ခုံမြိုန့ယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါ်မေရီနျို့၊ ဖယ်ခုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးအန်းဂျေလို၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးကျော်သီဟ၊ ကျိုင်းတုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဒေါက်တာဝဏ္ဏစိုးတို့ဖြစ်ကြောင်း သိရသည်။
.
USDP မှ ထပ်မံအနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်မှာ
ပြည်သူ့လွှတ်တော် မိုင်းတုံမြို့နယ်မဲဆန္ဒနယ်မှ ဦးမျိုးညွန့်၊ မိုင်းပန်မြို့နယ်မဲဆန္ဒနယ်မှ
စိုင်းကျော်မိုး၊ ရှမ်းပြည်နယ်လွှတ်တော် မိုင်းတုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ
ဦးစောမူးလာ၊ မောက်မယ်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ခွန်ဟန်သိန်းဦး၊ မိုင်းပန်မြို့နယ်မဲဆန္ဒနယ်အမှတ်
(၂) မှ စိုင်းအောင်ခမ်း၊ တန့်ယန်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ စိုင်းမွန်း တို့ဖြစ်ကြောင်း
သိရသည်။
.
SNDP မှ အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်မှာ
ရှမ်းပြည်နယ်လွှတ်တော် မိုင်းပန်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ စိုင်းနောင့် ဖြစ်ကြောင်း
သိရသည်။
.
WNP မှ အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်မှာ
ရှမ်းပြည်နယ်လွှတ်တော် မိုင်းတုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဒေါက်တာ အမ်ဇော်လတ်
ဖြစ်ကြောင်း သိရသည်။
.
ယနေ့ ညနေ ၈ နာရီခွဲအချိန်အထိ ကမ္ဘောဇတိုင်းမှ
စုံစမ်းရရှိထားသော ရလဒ်များအရ SNLD က ၃၄ နေရာ၊ NLD က ၂၉ နေရာ၊ USDP က ၁၉ နေရာ၊ PNO က ၁၀ နေရာနှင့် TNP က ၆ နေရာ၊ SNDP က ၁ နေရာနှင့် WNP က ၁ နေရာ အနိုင်ရရှိထားပြီးဖြစ်ကာ
ကျန် မဲဆန္ဒနယ်များ အတွက် ရလဒ်များကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
အသီးသီးတွင် ဆက်လက် စိစစ်မှုများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။
.
အထက်ပါ အချက်အလက်များအား ပြင်ပသတင်းရင်းမြစ်များမှ
ရယူထားခြင်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တရားဝင်
အတည်ပြုထုတ်ပြန်ခြင်းမရှိသေးချေ။
.
#KBZTai #ShanElection #Result
.
https://www.kanbawzatainews.com/2020/11/Shan-result.html
.
No comments:
Post a Comment