ကမ္ဘောဇတိုင်း
.
၂၀၂၀ ပြည့်နှစ် ပါတီစုံ
ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်အဖြစ် ယခု နိုဝင်ဘာလ ၉ ရက်၊ ညနေ ၁၂ နာရီအထိ
ရှမ်းပြည်နယ်အတွင်း၌ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)
မှ ၅ နေရာ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ ၆ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ (USDP) မှ ၃ နေရာ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ
(PNO) မှ ၁ နေရာနှင့် တအာင်း (ပလောင်) အမျိုးသားပါတီ (TNP)
မှ ၃ နေရာ ထပ်မံအနိုင်ရရှိ ထားကြောင်း သိရသည်။
.
.SNLD မှ ထပ်မံအနိုင် ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့်
ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် မိုင်းရှူးမြို့နယ်မဲဆန္ဒနယ်မှ စိုင်းလင်းမြတ်၊
ရှမ်းပြည်နယ်လွှတ်တော် မိုင်းရှူးမြိုန့ယ်မဲဆန္ဒနယ်အမှတ် (၁) မှ နန်းကောင်ခမ်း၊ မိုင်းရှူးမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂) မှ စိုင်းအုန်း၊ နမ့်စန်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ စိုင်းမိန်းခွမ်းနှင့်
လွိုင်လင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ နန်းမြထွေးတို့ဖြစ်ကြောင်း သိရသည်။
.
NLD မှ ထပ်မံ အနိုင် ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့်
ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် တာချီလိတ်မြို့နယ်မဲဆန္ဒ နယ်မှ ဦးဝင်းစွမ့်၊
မိုးမိတ်မြို့နယ်မဲဆန္ဒနယ်မှ ဦးတိုးသောင်၊ ရှမ်းပြည်နယ်လွှတ်တော် တာချီလိတ်မြို့နယ်မဲဆန္ဒနယ်
အမှတ် (၁) မှ စိုင်းဆိုင်တွီ၊ တာချီလိတ်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးခင်မောင်တင့်၊
မိုးမိတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဒေါ်ရီရီဝင်းနှင့် မိုးမိတ်မြို့နယ်မဲဆန္ဒနယ်အမှတ်
(၂) မှ ဦးမြင့်ရွှေတို့ဖြစ်ကြောင်း သိရသည်။
.
USDP မှ ထပ်မံအနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်များမှာ
ပြည်သူ့လွှတ်တော် နမ့်စန်မြို့နယ်မဲဆန္ဒနယ်မှ ဦးဌေးလွင်၊ လွိုင်လင်မြို့နယ်မဲဆန္ဒနယ်မှ
ဦးခင်မောင်သီ၊ ရှမ်းပြည်နယ်လွှတ်တော် နမ့်စန်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ဦးလင်းအောင်ဆွေ
တို့ဖြစ်ကြောင်း သိရသည်။
.
PNO မှ အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်မှာ
ရှမ်းပြည်နယ်လွှတ်တော် လွိုင်လင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ခွန်ကျော်ဝေါင်း ဖြစ်ကြောင်း
သိရသည်။
.
TNP မှ အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်များမှာ
ပြည်သူ့လွှတ်တော် မန်တုံမြို့နယ်မဲဆန္ဒနယ်မှ ဦးအိုက်ခ၊ ရှမ်းပြည်နယ်လွှတ်တော် မန်တုံမြို့နယ်မဲဆန္ဒနယ်အမှတ်
(၁) မှ ဦးသိန်းဇော်နှင့် မန်တုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးမိုင်းနိုင်အောင်မိုးတို့ဖြစ်ကြောင်း
သိရသည်။
.
ယနေ့ ညနေ ၈ နာရီခွဲအချိန်အထိ ကမ္ဘောဇတိုင်းမှ
စုံစမ်းရရှိထားသော ရလဒ်များအရ SNLD က ၃၉ နေရာ၊ NLD က ၃၇ နေရာ၊ USDP က ၂၃ နေရာ၊ PNO က ၁၁ နေရာနှင့် TNP က ၉ နေရာ၊ SNDP က ၁ နေရာနှင့် WNP က ၁ နေရာ အနိုင်ရရှိထားပြီးဖြစ်ကာ
ကျန် မဲဆန္ဒနယ်များ အတွက် ရလဒ်များကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
အသီးသီးတွင် ဆက်လက် စိစစ်မှုများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။
.
အထက်ပါ အချက်အလက်များအား ပြင်ပသတင်းရင်းမြစ်များမှ
ရယူထားခြင်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တရားဝင်
အတည်ပြုထုတ်ပြန်ခြင်းမရှိသေးချေ။
.
#KBZTai #ShanElection #Result
.
https://www.kanbawzatainews.com/2020/11/Shan-result.html
.