စုလှိုင်
.
ညောင်ရွှေမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ
Facility Quarantine Center တွင် အသွားအလာ ကန့်သတ်ဝင်ရောက်နေသည့်
သံဃာတစ်ပါးထံမှ ယနေ့ နိုဝင်ဘာလ ၂၅ ရက်က COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း
သိရသည်။
.
.“Quarantine ဝင်နေတဲ့သူတွေကိုစစ်တာ တစ်ယောက်တွေ့ပါတယ်။
Rapid Test Kit နဲ့ စစ်တာပါ။ သက်တော် ၂၇ နှစ် အရွယ် သံဃာတစ်ပါးပါ။
မန္တလေးက ပြန်လာတာပါ” ဟု ညောင်ရွှေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ညောင်ရွှေမြို့နယ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်နေသူ
၉ ဦးတို့အား Rapid Test Kit ဖြင့် COVID-19 ရောဂါပိုးရှိ/မရှိစစ်ဆေးပေးရာ၌ အဆိုပါ သံဃာတစ်ပါး၌ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး
ကျန် ၈ ဦး၌ ရောဂါပိုး တွေ့ရှိခြင်း မရှိကြောင်း သိရသည်။
.
အဆိုပါ ပိုးတွေ့သံဃာသည် နိုဝင်ဘာလ ၂၀ ရက်က မန္တလေးမြို့မှ
ပြန်လာပြီးနောက် နိုဝင်ဘာလ ၂၁ ရက်တွင် ညောင်ရွှေအထက (၁) ၌ Quarantine ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ ညောင်ရွှေမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.
No comments:
Post a Comment