ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ မိုးကုတ်ဝိပဿနာ Quarantine
Center တွင် အသွားအလာ ကန့်သတ်ထားသူ အမျိုးသမီးတစ်ဦး ယနေ့ နိုဝင်ဘာလ
၁၈ ရက်၊ နံနက်ပိုင်းက ထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီး ပြန်လည် ဖမ်းမိထားကြောင်း သိရသည်။
.
.
“အခု ပြန်တွေ့ပါပြီ။ ကျောက်မဲမြို့နယ်ကပါ။ Quarantine
ဝင်နေတာ ၂ ရက် လောက် ရှိပါပြီ” ဟု မိုးကုတ် ဝိပဿနာ Quarantine
Center အား တာဝန်ယူထားသူ တောင်ကြီးမြို့၊ သစ်တောရပ်ကွက် အုပ်ချုပ်ရေးမှူး
ဦးအောင်နိုင် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အမျိုးသမီးသည် ကျောက်မဲမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ပြန်လာသူဖြစ်ကာ နိုဝင်ဘာလ ၁၆ ရက်က တောင်ကြီးမြို့၊
မိုးကုတ်ဝိပဿနာ Quarantine Center တွင် ဝင်ရောက်နေသူဖြစ်ကြောင်း
သိရသည်။
.