.
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်အတွက် အနိုင်ရရှိခဲ့သည့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၈ ဦးသာ ပါဝင်ခဲ့သဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ် အရေအတွက် အနည်းငယ် မြင့်တက်လာကြောင်း တွေ့ရသည်။
.
အဆိုပါ အမျိုးသမီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ၇ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၄ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁ ဦး၊ တအာင်းပလောင်အမျိုးသားပါတီမှ ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။
.
လွှတ်တော်အသစ်တွင် ကိုယ်စားလှယ် ပါဝင်မှု အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၉ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၆ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂၄ ဦး၊ တအာင်းပလောင်အမျိုးသားပါတီမှ ၇ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ၇ ဦး၊ ဝ အမျိုးသားပါတီမှ ၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် တစ်သီးပုဂ္ဂလ ၁ ဦးစီ ပါဝင်ပြီး အခြေခံဥပဒေအရ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၃၆ ဦး ပါဝင်မည် ဖြစ်သည့်အတွက် တပ်မတော်မှ ပထမ အများဆုံး၊ NLD မှ ဒုတိယအများဆုံး၊ SNLD မှ တတိယ အများဆုံး ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
.
မြန်မာ တစ်နိုင်ငံလုံးတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၈၉၀ ဦး ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံကြပြီး ယင်းအနက် ၂၁၉ ဦး အနိုင် ရရှိခဲ့ကြောင်း သိရသည်။