.
အဆိုပါ ကြေညာချက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ အနေဖြင့် အွန်လိုင်းဝက်ဘ်ဆိုက်များနှင့် မီဒီယာများမှ မဲဆွယ် စည်းရုံးရာ ရောက်သည့် Post များ၊ အကြောင်းအရာများ လွှင့်တင်ခြင်း မပြုရန် ဖော်ပြပါရှိသည်။
.
မဲဆန္ဒရှင် ပြည်သူများအနေဖြင့် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဦးအား လွတ်လပ်စွာ ဆန္ဒပြုရန် (မဲပေး) အလို့ငှာ နိုဝင်ဘာလ ၆ ရက်၊ ည ၁၂ နာရီမှ ရွေးကောက်ပွဲ ကျင်းပ ပြီးသည်အထိ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ရပ်နားရမည် ဖြစ်ကြောင်း အောက်တိုဘာလ ၂၈ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ထုတ်ပြန်ကြေညာပြီးနောက် ယခုတွင် အွန်လိုင်းမှလည်း မဲဆွယ်ခြင်း မပြုရန် ထပ်မံ အသိပေး ကြေညာခြင်း ဖြစ်သည်။
.
နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၀ ကျော်နှင့် တစ်သီးပုဂ္ဂလတို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၅၀၀ ကျော်တို့က ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံကြမည် ဖြစ်ကြောင်း သိရသည်။