နမ့်စန်တွင် အိမ်သုံးရေ လုံလောက်စွာ သုံးစွဲနိုင်ရေးအတွက် ရေမီတာများ တပ်ဆင်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်စန်တွင် အိမ်သုံးရေ လုံလောက်စွာ သုံးစွဲနိုင်ရေးအတွက် ရေမီတာများ တပ်ဆင်မည်

မင်းဇော်မင်း

.

လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အိမ်သုံးရေ လုံလောက်စွာ သုံးစွဲနိုင်ရေးအတွက် စည်ပင်သာယာရေးဌာနမှ ဖြန့်ဝေ ပေးနေသည့် သုံးရေများကို နိုဝင်ဘာလအတွင်း ရေမီတာ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

နမ့်စန်မြို့အတွက် တစ်ရက်လျှင် ရေဂါလံ တစ်သိန်းခွဲမှ ၂ သိန်းအထိ ဖြန့်ဝေပေးနေသော်လည်း ရေမလုံလောက်မှု ပြဿနာများ ရှိနေကြောင်း တိုင်တန်းမှုများကြောင့် ယင်းကဲ့သို့ ရေမီတာများ တပ်ဆင်ရခြင်းဖြစ်ကြောင်း နမ့်စန်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးလှထွေးထံက သိရသည်။

.

ရေပိုက်သွယ်ထားပေးတာ အိမ်ခြေ ၆၀၀ လောက်ပဲရှိတယ်။ တစ်ဆင့်ခံ သွယ်ယူမှုတွေကြောင့် သုံးရေမလုံလောက် ဖြစ်ရတယ်လို့ တိုင်တန်းမှုတွေ ရှိနေတယ်။ ဒါကြောင့် ဆပ်မီတာတွေ စုပေါင်းထားပြီး အိမ်တိုင်းကို မီတာစနစ်နဲ့ နေ့စဉ် ရေပေးနိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ဦးလှထွေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

နမ့်စန်မြို့ သုံးရေအတွက် ရေဂါလံ ၂၄၀၀၀၀ ဆံ့ ရေသိုလှောင်ကန်မှ ရေများကို နုန်းစစ်ကန်အတွင်းသို့ ပို့လွှတ်ပြီး ယင်းမှတစ်ဆင့် ဆပ်မီတာများသို့ ငါးမူးပိုက်များဖြင့် ရေပေးဝေရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆပ်မီတာများကို အလုံး ၃၀ စီ လမ်းထိပ်များတွင် စုပေါင်းတပ်ဆင်၍ လုံခြုံစွာ သော့ခတ်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

.

နမ့်စန်မြို့ပေါ်တွင် အဝီစိတွင်းနှင့် အခြားနည်းဖြင့် သောက်သုံးရေရယူသုံးစွဲသူများလည်း ရှိနေပြီး စည်ပင်သာယာမှ ဖြန့်ဝေပေးသည့် သောက်သုံးရေကို ရယူထားသူ အိမ်ခြေ ၆၀၀ ခန့်သာ ရှိကာ ရေမီတာ တပ်ဆင်ပြီးပါက အိမ်ခြေ ၁၀၀၀ ခန့်အထိ ရှိလာနိုင်ကြောင်း သိရသည်။

.

ရေမီတာ ရယူလိုသူများအနေဖြင့် စည်ပင်သာယာရေးဌာနတွင် လျှောက်လွှာတင်ရန် လိုအပ်ပြီး ကုန်ကျစရိတ် အနေဖြင့် ရေမီတာ၊ ရေပိုက်၊ တပ်ဆင်ခများ နေရာ အနီးအဝေးအလိုက် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats