NLD သည် တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် ပြည်ထောင်စုပါတီဖြစ်ကြောင်း ရှမ်းပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, November 5, 2020

NLD သည် တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် ပြည်ထောင်စုပါတီဖြစ်ကြောင်း ရှမ်းပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ပြော

ကမ္ဘောဇတိုင်း

.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် ပြည်ထောင်စုပါတီ ဖြစ်ကြောင်း ယင်းပါတီ၏ ရှမ်းပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းလတ်က ပြောဆိုခဲ့သည်။

.

.

“ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ဗမာပါတီ မဟုတ်ပါဘူး။ တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ပြည်ထောင်စုပါတီ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာလည်း သက်ဆိုင်ရာ ဒေသတွေအလိုက် တိုင်းရင်းသား ကိုယ်စားလှယ် လောင်းတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်” ဟု ဦးဇော်မင်းလတ်က ပြောသည်။

.

လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံ သွားမည်ဖြစ်ပြီး ယင်းတို့အနက် တိုင်းရင်းသား ၃၉၀ ကျော် ပါဝင်နေကြောင်း သိရသည်။

.

“ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဓိကထားတဲ့ ရည်ရွယ်ချက်ကတော့ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး၊ ၁၃၅ မျိုးသော တိုင်းရင်းသားတွေ လိုလားနေတဲ့၊ ပြည်သူ့ ဆန္ဒ၊ ပြည်သူ့ဘဝတွေကို ထင်ဟပ်ပေး နိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း တွေကို မဲပေးပါလို့ ပြောလိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ရှမ်းပြည်နယ်အတွင်း၌ ပြည်သူ့လွှတ်တော်တွင် မဲဆန္ဒနယ် ၄၆ နေရာ၊ အမျိုးသားလွှတ်တော်တွင် မဲဆန္ဒနယ် ၁၁ နေရာ၊ ရှမ်းပြည်နယ်လွှတ်တော်တွင် မဲဆန္ဒနယ် ၉၂ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် ၇ နေရာ၊ စုစုပေါင်း ၁၅၆ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About