ကမ္ဘောဇတိုင်း
.
၂၀၂၀ ပြည့်နှစ် ပါတီစုံ
ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်အဖြစ် ယခု နိုဝင်ဘာလ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီအထိ
ရှမ်းပြည်နယ်အတွင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ၅ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ၃ နေရာနှင့် တအာင်း (ပလောင်) အမျိုးသား ပါတီမှ ၁ နေရာ ထပ်မံအနိုင်ရရှိ
ထားကြောင်း သိရသည်။
.
.NLD မှ ထပ်မံအနိုင် ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့်
ကိုယ်စားလှယ်များမှာ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ် (၁) မှ ဦးထိုက်ဇော်၊
ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၉) မှ ဒေါ်မမလေး၊ ပြည်သူ့လွှတ်တော် ရပ်စောက်မြို့နယ် မဲဆန္ဒနယ်မှ
ဒေါက်တာခင်မျိုးသွယ်၊ ရှမ်းပြည်နယ်လွှတ်တော် ရပ်စောက်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ
ဒေါက်တာ ဂျွန်နီနှင့် ရပ်စောက်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးမောင်မောင်စိန်တို့
ဖြစ်ကြောင်း သိရသည်။
.
USDP မှ ထပ်မံအနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့်
ကိုယ်စားလှယ်မှာ ပြည်သူ့လွှတ်တော် မိုင်းဆတ်မြို့နယ်မဲဆန္ဒနယ်မှ စိုင်းခတ္တိယ၊ ရှမ်းပြည်နယ်လွှတ်တော်
မိုင်းဆတ်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ဦးသန်းဝင်းနှင့် မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်
(၂) မှ ဦးယောဘ တို့ဖြစ်ကြောင်း သိရသည်။
.
TNP မှ ထပ်မံအနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့်
ကိုယ်စားလှယ်မှာ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ် (၈) မှ ဦးမောင်ခိုင်
ဖြစ်ကြောင်း သိရသည်။
.
ယနေ့ နေ့လယ် ၁၂ နာရီအချိန်အထိ ကမ္ဘောဇတိုင်းမှ
စုံစမ်းရရှိထားသော ရလဒ်များအရ SNLD က ၃၉ နေရာ၊ NLD က ၄၂ နေရာ၊ USDP က ၂၆ နေရာ၊ PNO က ၁၁ နေရာနှင့် TNP က ၁၀ နေရာ၊ SNDP က ၁ နေရာနှင့် WNP က ၁ နေရာ အနိုင်ရရှိထားပြီးဖြစ်ကာ
ကျန် မဲဆန္ဒနယ်များ အတွက် ရလဒ်များကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
အသီးသီးတွင် ဆက်လက် စိစစ်မှုများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။
.
အထက်ပါ အချက်အလက်များအား
ပြင်ပသတင်းရင်းမြစ်များမှ ရယူထားခြင်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်မှ တရားဝင် အတည်ပြုထုတ်ပြန်ခြင်းမရှိသေးချေ။
.
#KBZTai #ShanElection #Result
.
https://www.kanbawzatainews.com/2020/11/Shan-result.html
.
No comments:
Post a Comment