ကမ္ဘောဇတိုင်း
.
၂၀၂၀ ပြည့်နှစ် ပါတီစုံ
ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်အဖြစ် ယခု နိုဝင်ဘာလ ၁၀ ရက်၊ ည ၈ နာရီအထိ
ရှမ်းပြည်နယ်အတွင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ၄ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ၁၅ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)
မှ ၂ နေရာနှင့် “ဝ” အမျိုးသားပါတီ (WNP) မှ ၂ နေရာ
ထပ်မံအနိုင်ရရှိထားကြောင်း သိရသည်။
.
.NLD မှ ထပ်မံအနိုင် ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့်
ကိုယ်စားလှယ်များမှာ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ် (၄) မှ ဦးအောင်ကိုကို၊
ပြည်သူ့လွှတ်တော် တောင်ကြီးမြို့နယ်မဲ ဆန္ဒနယ်မှ ဦးအုန်းဝင်း၊ ရှမ်းပြည်နယ် လွှတ်တော်
တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးစိုးညွန့်လွင်နှင့် တောင်ကြီးမြို့နယ် မဲဆန္ဒနယ်
အမှတ် (၂) မှ ဒေါက်တာ ဒေါ်သန်းငွေတို့ဖြစ်ကြောင်း သိရသည်။
.
USDP မှ ထပ်မံအနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်နှင့်
ကိုယ်စားလှယ်များမှာ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ် (၃) မှ ဦးဝီလ်ဆင်မိုး၊
ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၁၁) မှ ဦးအိုက်နပ်၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၁၂) မှ
ဦးအောင်သန်းထွဋ်၊ ပြည်သူ့လွှတ်တော် မိုင်းပျဉ်းမြို့နယ်မဲဆန္ဒနယ်မှ စိုင်းလောင်း၊ မိုင်းယန်းမြို့နယ်မဲဆန္ဒနယ်မှ
စိုင်းဆမ်၊ ရှမ်းပြည်နယ်လွှတ်တော် မိုင်းပျဉ်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါ်မေနှင်းသက်၊
မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ စိုင်းထွန်းစိန်၊ မိုင်းယန်းမြို့နယ်မဲဆန္ဒနယ်အမှတ်
(၁) မှ စိုင်းလှိုင်ခမ်း၊ မိုင်းယန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ စိုင်းရှဲန်ဝန်းနှင့်
ဟိုပန်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးညီနပ်တို့ဖြစ်ကြောင်း သိရသည်။
.
SNLD မှ ထပ်မံအနိုင်ရသည့် မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်များမှာ
အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ် (၆) မှ နန်းမွန်းစိန်၊ ရှမ်းပြည်နယ်
မဲဆန္ဒနယ်အမှတ် (၇) မှ စိုင်းထွန်းအေးတို့ဖြစ်ကြောင်း သိရသည်။
.
WNP မှ ထပ်မံအနိုင်ရသည့် မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်များမှာ
ပြည်သူ့လွှတ်တော် ဟိုပန်မြို့နယ်မဲဆန္ဒနယ်မှ ဦးညီပလုပ်နှင့် ရှမ်းပြည်နယ်လွှတ်တော်
ဟိုပန်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ဦးရန်ကျော် တို့ဖြစ်ကြောင်း သိရသည်။
.
ယနေ့ ည ၈ နာရီအချိန်အထိ ကမ္ဘောဇတိုင်းမှ
စုံစမ်းရရှိထားသော ရလဒ်များအရ SNLD က ၄၁ နေရာ၊ NLD က ၄၆ နေရာ၊ USDP က ၃၅ နေရာ၊ PNO က ၁၁ နေရာနှင့် TNP က ၁၀ နေရာ၊ SNDP က ၁ နေရာနှင့် WNP က ၃ နေရာ အနိုင်ရရှိထားပြီးဖြစ်ကာ
ကျန် မဲဆန္ဒနယ်များ အတွက် ရလဒ်များကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
အသီးသီးတွင် ဆက်လက် စိစစ်မှုများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။
.
အထက်ပါ အချက်အလက်များအား
ပြင်ပသတင်းရင်းမြစ်များမှ ရယူထားခြင်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်မှ တရားဝင် အတည်ပြုထုတ်ပြန်ခြင်းမရှိသေးချေ။
.
#KBZTai #ShanElection #Result
.
https://www.kanbawzatainews.com/2020/11/Shan-result.html
.